Leave a comment

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး တာ့ဂ်ျမဟာသို့ သွားရောက်လေ့လာ

image

image

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နယူးဒေလီ သြဂုတ်  ၂၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဂယာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ  အဂရာမြို့ သို့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား အဂရာမြို့၌ ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ရှရီ ချန်ဒရာ ကန့်၊ ပြည်နယ် တရားသူကြီး မစ္စတာ ရှရီ ဂလိုဘယ် ဒိုင်ယာနှင့် ပြည်နယ် အဆင့် အကြီးအကဲများက အဂရာမြို့လေဆိပ်၌  ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ခေတ္တတည်းခိုနားနေမည့် Oberoi Amarvilas ဟိုတယ်သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် Oberoi Amarvilas ရှိ စကျင်ကျောက် လက်မှုပန်းချီ ကျောက်ချပ်များနှင့် လူသုံးကုန်ပစ္စည်းများအား ကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ အဂရာမြို့ရှိ တာ့ဂ်ျမဟာကို သွားရောက် လေ့လာ ကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

အဆိုပါ တာ့ဂ်ျမဟာကို အဂရာမြို့ ယမုံနာမြစ်ကမ်း တောင် ဘက်နံဘေးရှိ (၄၂) ဧက အကျယ်ရှိ မြေနေရာ တွင် စကျင်ကျောက်ဖြင့် တည်ဆောက်ထားပြီး ၁၆၂၈ – ၁၆၅၈ ခုနှစ်ထိ နှစ်ပေါင်း (၃၀) ကြာ တည်ဆောက်ခဲ့ ရကြောင်း သိရသည်။

ဗိသုကာပညာရှင် Ustad Ahmad Lahauri  ဦးဆောင်သည့် အဖွဲ့၏ ညွန်ကြားမှုဖြင့် လက်မှုပညာရှင် အင်အား ၂၀၀၀၀ ခန့်ပါဝင် တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ တာ့ဂ်ျမဟာမှာ Shah Jahan ဘုရင်၏မိဖုရား Mumatz Mahal ၏ ဂူဗိမာန်ဖြစ်ပြီး ၁၉၈၃ခုနှစ်တွင် ယူနက်စကိုက World Heritage Site အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်စဉ် ခရီးသွား (၈) သန်းခန့် လာရောက်လျက်ရှိပြီး ကမ္ဘာ့အံ့ဖွယ် (၇) နေရာအနက် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အဂရာမြို့မှ အိန္ဒိယအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ နယူး ဒေလီမြို့ Palam လေတပ် စခန်းသို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား အိန္ဒိယနိုင်ငံ ၀န်ကြီး ချုပ် ရုံး ၀န်ကြီး  မစ္စတာ ShriJitendra Singh နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ညပိုင်းတွင်  နိုင်ငံတော်သမ္မတနှင့်  ဇနီးနှင့် အဖွဲ့သည် နယူးဒေလီမြို့ရှိ အိန္ဒိယသမ္မတ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး နေအိမ်၌  သံရုံး၊ စစ်သံရုံးမှ ၀န်ထမ်းများ၊ မိသားစုဝင်များ၊ WHO တွင် တာဝန်ထမ်းဆောင် နေကြ သည့် မြန်မာဆရာဝန်များ၊ ပညာတော်သင် ကျောင်းသား များအား တွေ့ဆုံပြီး သံအမတ်ကြီး ဦးအောင်ခင်စိုးနှင့်ဇနီး တို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: