Leave a comment

ဒေါ်အောင်ဆန်းစုကြည် ၏ ၂၁ ပင်လုံ ညီလာခံ (ပထမအကြိမ်) အပိတ် မိန့်ခွန်းနှင့် ၂၁ ပင်လုံ အပေါ် တိုင်းရင်းသား များ အကောင်းမြင်

အရမ်းကောင်းတယ် ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာအပေါ် နိုင်ငံတော်အတိုင်ပင်ခုံပုဂ္ဂိုလ်က မီးမောင်းထိုးပြလိုက် တာပဲဖြစ်ပါတယ်။ အတိတ်ကိုလည်းဖျောက်ဖျက်မရသလို အနာဂတ်ကိုလည်း သိပ်အရေးပါတဲ့ မှတ်ချက်လို့ပဲပြောချင် ပါတယ်။ ၄ ရက်အတွင်းအစိုးရကတော့ သမာသမတ်ကျကျ ကြားနေတယ်လို့ ကျွန်တော်မြင်တယ်။ ဒီဘက်တပ်မတော်ပိုင်း ကတော့ ၂၀၀၈ ကိုပဲ အသေကိုင်ထားမယ်။ ဘာပဲလုပ်လုပ် ၂၀၀၈ ရဲ့ ဘောင်အောက်မှာပဲလုပ်ရမယ်ဆိုတဲ့ ကိစ္စပေါ့။ တိုင်းရင်းသားတွေကလည်း ဒီ ၂၀၀၈ ကိုပြင်ချင်တယ် ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုက်ညီအောင်ပေါ့။ ညှိရမှာပေါ့နော်။ လောလောဆယ် ဘက်နှစ်ဘက်က ပြဒါးတလမ်း သံတစ်လမ်းဖြစ်နေတယ် အဲဒါကို ဆုံချက်တစ်ခုတော့ရှာရမယ်။

ဗိုလ်မှူးကြီးစိုင်းငင်း ( RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း )

— — —

ကျွန်တော့်အမြင်အရတော့ ထိန်းထိန်းသိမ်းသိမ်း ပြောသွားတယ်မြင်တယ်။ ပြဿနာကို ပြသနာမရှိသလို ဟန်ဆောင်ခြင်း မပြုပဲ တကယ့်ကို ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကို ရှူ့ မြင်ပြီးတော့မှ အဲဒီ အခင်းအကျင်းကို ပြေလည်နိုင်ဖို့ ကြိုးစားသွားကြဖို့ သူပြောသွားတာပါပဲ။ ဒါပေမဲ့ အခုက တော်တော်လေးလူပေါင်းမျိုးစုံ အဖွဲ့အစည်းပေါင်းစုံတက်တယ်။ မတူကွဲပြားတဲ့ အုပ်စုမျိုးစုံရှိတယ်ဆိုတော့ အပြုသဘောဆောင်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဒီညီလာခံကနေတစ်ဆင့် ရှေ့ဆက်ပို၍ ကောင်းတဲ့ ၊ ပို၍ သင့်မြတ်နိုင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စကိုလည်း ဆောင်ရွက်ရမယ်ဆိုတော့ ဒီနေရာမှာ တစ်ဦးနဲ့ တစ်ဦး အထင်လွှဲတဲ့ ကိစ္စတွေ မဖြစ်အောင်လည်း ပြောသွားတဲ့ သဘောလည်းသက်ရောက်ပါတယ်။ အဓိကကတော့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်။

စိုင်းဝမ်းလှိုင်ခမ်း ( အမျိုးသားလွှတ်တော် ကိုယ်စားလှယ် SNLD ပါတီ )

— — —

အဓိက ပြသနာတွေကပေါ့ပြောရမယ်ဆိုရင် ပြောရမှာတောင် အားနာတယ်ပေါ့။ ကျွန်တော်တို့ တိုင်းပြည်က ၁၉၆၂ ခုနစ် ဦးနေ၀င်း အာဏာသိမ်းကတည်းက ဆုတ်ယုတ်လာတာကိုးဗျ။ အဲဒါကို ပြဿနာမရှိသလိုပဲ အစည်းဝေးတွေ မှာ ပြီးသွားတာပဲ။ ပြဿနာက ကြာလေ ပွလာလေ၊ အထဲက လှိုက်စားလာလေ ဆိုတော့။ နောက်ဆုံးတော့ ၈ လေးလုံးအရေးအခင်းပေါ်လာတာပေါ့။ ဒေါ်စုပြောတယ် အခုလို ပြဿနာတွေကို မရှိချင်ယောင်ဆောင်တာထက်   ဖော်ထုတ်လိုက်တာဟာ နောက်ထပ်ပြဿနာတွေကို ဖြေရှင်းရလွယ်ကူတဲ့ သဘောပါပဲ။ နို့မို့လို့ရှိရင် ဒီပြဿနာတွေကို ရှိရဲ့သားနဲ့ မဖော်ဘူးဆိုရင် လှိုက်စားသွားမှာပေါ့။ အဲတော့ အစည်းဝေးတွေ ဘယ်လောက်လုပ်လုပ် ညီလာခံတွေ ဘယ်လောက်လုပ်လုပ် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ အခုလိုပြဿနာတွေကို ရင်ထဲက ခံစားရတာတွေကို   ဖော်ထုတ်လိုက်တော့ ဒီပြဿနာတွေကို ဘယ်လိုရှင်းရမလဲဆိုတာ ကုစားဖို့ ဆေးကတော့ပေါ်လာ မှာပေါ့။ ဒေါ်စုပြော တာကောင်းပါတယ်။ ကျွန်တော်တော့ လက်ခံတယ်။

ဖဒို စောသမိန်ထွန်း ( ကေအန်ယူ အကြံပေး ၊ ကရင်ဝါရင့်တော်လှန်ရေးသမားအဖြစ် ကရင်တော်လှန်ရေး အစပိုင်းခေတ်ကတည်းက ပါဝင်လာသူ )

— — —

အဲဒီအပိုင်းမှာ ကျွန်တော်မြင်တာက ပဋိပက္ခမှာပါဝင်နေတဲ့သူ အထူးသဖြင့် Stakeholder တွေထဲမှာ ပါဝင်နေ သူတွေ ခေါင်းဆောင်နေတဲ့သူတွေအပေါ်မူတည်တာပေါ့လေ။ တစ်ဘက်မှာတော့ အဲဒီလို ဟန်ဆောင်နေသူတွေ ရှိကောင်းရှိမှာပေါ့လေ။ တစ်ဘက်မှာကျတော့မြင်အောင်မကြည့်ပဲနဲ့ အတွေးတိမ် အယူအဆတွေ နဲ့ သံသယတွေနဲ့ ရှိကောင်းရှိနိုင်တယ်။ တဘက်မှာလည်း မယုံမရဲ စိတ်တွေနဲ့ ရှေ့ဆက် မတိုးရဲသူတွေလည်း ရှိနိုင်တယ်.။ ဒီတော့ ကျွန်တော်ထင်တာက ဟန်ဆောင်တာ တစ်ခုတည်းနဲ့တော့မကဘူးပေါ့လေ။ အဲဒါလည်းအကြောင်းအရာ တစ်ခုအနေနဲ့ပါဝင်တယ်။ အကျိုးစီးပွားလည်းပါတယ်။ အင်မတန်သိမ်မွေ့နက်နဲတယ်။

ဦးရွှေမျိုးသန့် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂)

— — —

အောင်မြင်ဖို့တော့ရှိတယ် ဒါပေမဲ့ ချက်ခြင်းတော့အဖြေမထွက်နိုင်ဘူး။ တီဗီကလည်းလွှင့်တယ်ဆိုတော့ ပြည်သူတွေက ဘယ်သူတွေက ပြုပြင်ပြောင်းလဲရေးမလိုလားဘူးဆိုတာ သိနိုင်တယ်။ ဒီညီလာခံကျင်းပတာ အကျိုးရှိနိုင် တယ်။ ပြောင်းလဲမှုရဲ့ အစပါပဲ။ ဒေါ်စုမိန့်ခွန်းက ကျွန်တော်တို့ရဲ့တွေးတောကြံဆချက်နဲ့ ထပ်တူပါပဲ။ အနာဂတ်မျိုးဆက်အတွက်လုပ်နေတယ်ဆိုတာ။ လက်ခံပါတယ်။ နောင်လာမဲ့ညီလာခံက ပိုပြီးကျယ်ပြန့်လေးနက်ပါလိမ့်မယ်။

ပူးဂင်ကမ်းလျှံ ( ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် )

— — —

The Ladies News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: