Leave a comment

ရခိုင်ကိစ္စ ကိုဖီအာနန် ဖြေရှင်းပေးမယ်လို့ အာမခံ ကတိပေးပြီ

image

image

“ရခိုင်ပြည်နယ် တွေ့ကြုံနေတဲ့ စိန်ခေါ်မှုတွေကို အစွမ်း ကုန် တာဝန်ယူ ဖြေရှင်းပေးမယ်လို့ ကိုဖီအာနန် အာမခံ”

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ ရခိုင် ပြည်နယ်မှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို အစွမ်း ကုန် တာဝန်ယူ ဖြေရှင်းပေးသွားမယ် လို့ ကိုဖီအာနန်က အာမခံ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သူ ဂါနာ နိုင်ငံသား ဟာ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ရာထူး ကို လက်ခံပြီးနောက် ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ကိုဖီအာနန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီးနောက် “ကျွန်တော် ခင်ဗျားတို့ကို၊ ရခိုင် ပြည်သူတွေကို အာမခံတယ်။ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဟာ ဘက်လိုက်မှု လုံးဝမရှိဘဲ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပြီး အခုလို စိန်ခေါ်မှုတွေကို ဖြေရှင်း နိုင်မယ့် နည်းလမ်းတွေကို အဆိုပြု ရှာဖွေသွားမှာ ဖြစ်ပါ တယ်”ဟု ဆိုပါတယ်။

ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်း စုကြည် ကလည်း “ဒီကိစ္စဟာ ကျွန်မတို့ အနေနဲ့ တိုက်ရိုက်ကျကျ၊ မျှမျှတ ဖြေရှင်းနိုင်စွမ်း အားနည်းခဲ့တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ဟာ
မှန်ကန်တဲ့ အဖြေတစ်ခု ရှာမတွေ့နိုင်ခဲ့ဘူး။ ကော်မရှင်ကတော့ ဒီပြဿနာအတွက် ဖြေရှင်းနိုင် အောင် ကူညီပေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

Source. 7 day

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: