Leave a comment

အကြမ်းဖက်မှုမှာ အစ္စလာမ်နှင့် မဆိုင်သော ကြောင့် ‘အစ္စလာမ့်မစ်’ ဆိုသည့် အသုံးအနှုန်းကို မသုံးခြင်းဟု အိုဘားမား ပြော

အောက်တိုဘာ ၁၊ ၂၀၁၆
M-Media

– မွတ်စလင်အမည်ခံ အကြမ်းသမားတွေကို သူတို့ ကိုးကွယ် တဲ့ ဘာသာတရားနဲ့တွဲပြီး ‘အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ’ ‘အစ္စလာမ့်မစ် အကြမ်းဖက်သမား’ ဆိုပြီး မိမိအနေနဲ့ မသုံးနှုန်းတာဟာ သူတို့ရဲ့လုပ်ရပ်က အစ္စလာမ် နဲ့ ဘာမှ မဆိုင်လို့ဖြစ်တယ်လို့ အမေရိသမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။

ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုနဲ့တွေ့ဆုံ ပွဲမှာ အမေရိကန်စစ်တပ်က ကျဆုံးသွားတဲ့ စစ်သည် တွေရဲ့ မိခင်တွေနဲ့ပတ်သက်ပြီး ကြည့်ရှုစောင့်ရှောက် မှုတွေ ပြုလုပ်နေတဲ့ Gold Star Mother အဖွဲ့က မိခင်တစ်ဦး မေးမြန်းမှုမှာ အိုဘားမားက ဒီလိုဖြစ်ကြား လိုက်တာပါ။

အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲအတွင်းမှာ သားဖြစ်သူ ကို ဆုံးရှုံးခဲ့ရတဲ့ တီနာ ဟူချင်ဆိုတဲ့ အမျိုးသမီးက အိုဘားမားအနေနဲ့ ဘာ့ကြောင့် အစ္စလာမ့်မစ် အကြမ်းဖက် သမားဆိုတဲ့ အသုံးအနှုန်းကို မသုံးတာလည်းဆိုတာကို မေးမြန်းခဲ့တာဖြစ်ပြီး၊ အိုဘားမားကတော့ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့အမည်ကို အလွဲသုံးစားလုပ်နေကြတာ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

“အလ်-ကိုင်းဒါးနဲ့ IS တို့လို အကြမ်းဖက်အဖွဲ့ အစည်း တွေဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှု တွေအတွက် ဆင်ခြေပေးဖို့ အစ္စလာမ်သာသနာကို ပုံဖျက်နေတာ၊ တစ်လွဲသုံးနေတာလို့ ကျွန်တော်တို့ ရှုမြင်တယ်ဆိုတာကို ထပ်လောင်း ပြောကြားပါရစေ။ ဒီလူတွေဟာ ကလေးတွေ၊ မွတ်စလင်တွေကို သတ်ဖြတ် နေသလို၊ လိင်ကျွန်တွေအဖြစ်လည်း အသုံးပြုနေ ကြ တာပါ။ သူတို့လုပ်နေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဘာသာတရားနဲ့ တန်းညှိလို့ကို မရပါဘူး” လို့ အိုဘားမား က ဆိုပါတယ်။

နောက်ပြီး မိမိအနေနဲ့ ဒီကိစ္စတွေကို ပြောဆိုရာမှာ ဘီလီယံ နဲ့ချီတဲ့အစ္စလာမ်ဘာသာဝင်တွေဟာ ဒီလူသတ် သမားအုပ်စုနဲ့ အတူတူပဲဆိုတဲ့ ပုံစံမျိုး ဖြစ်မသွားအောင် ဂရုစိုက်ရတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီပြဿနာတွေကို ပြောဆိုရာမှာ ကျွန်တော် သတိထား တာက ဒီလူသတ်သမားတွေနဲ့ ကျွန်တော်တို့နိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းစွာနေထိုင်နေတဲ့၊ တာဝန်ယူမှုရှိတဲ့ ဘီလီယံနဲ့ချီတဲ့ မွတ်စလင်တွေဟာ အတူတူပဲဆိုတဲ့ ပုံစံမျိုး ဖြစ်မသွားစေဖို့ပါပဲ။ ကျွန်တော်တို့တိုင်းပြည်က မွတ်စလင်တွေဟာ စစ်သား တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တွေ၊ ကျောင်းဆရာတွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ပုံစံမျိုးနဲ့ ကျွန်တော်တို့ရဲ့ လက်ရုံးတစ်ဆူအဖြစ် ရှိနေကြပါတယ်”

အိုဘားမားအနေနဲ့ အကြမ်းဖက်သမားတွေကို အစ္စလာမ့်မစ် အကြမ်းဖက်သမားလို့ မသုံးနှုန်းတာ နဲ့ပတ်သက်ပြီး ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

Ref : Realclearpolitic

အကြမ်းဖက်မှုမှာ အစ္စလာမ်နှင့် မဆိုင်သောကြောင့် ‘အစ္စလာမ့်မစ်’ ဆိုသည့် အသုံးအနှုန်းကို မသုံးခြင်းဟု အိုဘားမားပြော

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: