Leave a comment

အာဏာပိုင်များက ဖိအားပေးသော်လည်း ပုပ်ရဟန်း မင်းကြီးရှေ့တွင် “ရိုဟင်ဂျာ”စကားလုံး သုံးစွဲမည် ဟု ချားလ်မောင်ဘို ပြောဆို

အောက်တိုဘာ ၂။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် ဝေါဟာရကို သုံးစွဲခြင်းမပြုရန် အာဏာပိုင်များက ခရစ်ယာန်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်ဘိုအား သတိပေးပြောကြားထားသော်လည်း ဆက်လက်သုံးစွဲသွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ချားလ်မောင်ဘိုက အရေးမစိုက်မှုများကို ပြုလုပ်ခဲ့သည်။ အမိန့်ပေးညွှန်ကြားချက်များကို ချိးဖောက်ရုံမကပဲ အစိုးရ၏ လွှမ်းမိုးရန်ကြိုးစား မှုကို လစ်လျူရှုခြင်းဖြင့် အလုပ်နှင့်သက်သေပြလေ့ရှိသည်။
Holy Rosary လ အတွက် ဗာတီကန်စီးတီးကိုသွားရောက်မည့် ချားလ်စ်ဘိုက“ သူတို့က ပုပ်ရဟန်းမင်းကြီးရှေ့မှာ ရိုဟင်ဂျာဟူဆိုတဲ့ စကားလုံးကို မသုံးစွဲဖို့ တောင်းဆိုထားကြတယ်”ဟု မဇ္ဈိမ သတင်းဌာနကို ပြောသည်။

ချားလ်မောင်ဘိုက ခေါင်းငုံမခံခဲ့ပေ။ဘင်္ဂလီဆိုပြီး ပြောဆိုရန်ဖိအားပေးမှုကို ငြင်းပယ်လိုက်ပြီးရခိုင်ဒေသနေ“ရိုဟင်ဂျာ”   မွတ်စလင်များ အကြောင်း ပြောဆိုမည်ဟု ၎င်းက ပြောဆိုလိုက်သည်။

“ဒီအခြေအနေက တကယ့်ကို အတိမ်းအစောင်းမခံတဲ့အနေအထားပါ၊ ဒီပြဿနာတွေ အရှည်အရှည်မဖြစ်ရအောင် ကျွန်တော်တို့ ဖြေရှင်းဖို့ လိုပါမယ်၊ ပဋိပက္ခတွေ မကြီးထွားခင်၊ နိုင်ငံတကာအကြမ်းဖက်မှုတွေနဲ့ တခြားပြဿနာတွေ ဖြစ် မလာခင်ပေါ့ ” ဟု ချားလ်မောင်ဘို က ပြောသည်။

Source : Coconut
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: