Leave a comment

နစ်မြုပ် ချင်းတွင်း အမြန်ရေယာဉ် ကို ဆယ်ယူနိုင်ပြီ၊ အလောင်း များ တွေ့ရှိ (ရုပ်သံ)

စစ်ကိုင်းဒေသကြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာကမ်းပါးအနီး နစ်မြုပ်ခဲ့တဲ့ အမြန်ရေယာဉ်ကို တာဝန်ရှိသူတွေက ဒီနေ့ညနေ ပိုင်း မှာ ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ စက်လှေအပေါ်ထပ်မှာ အလောင်း ၁၀ လောင်းထက်မနည်းရှိနေပြီး အောက်ထပ်တွေမှာ ဒီထက်များနိုင်တယ်လို့ ကူညီဆောင် ရွက်ပေးသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) က ကိုဝင်းဇော်ခိုင်က  ပြောပါတယ်။

“အခု upper ခန်းထဲမှာက အလောင်းတွေ တော်တော်များများတွေ့နေရတယ်။ ပေါ်တဲ့အနေအထားမှာပေါ့။ တခန်းကို ၅ ယောက်နှုန်းနဲ့ ဆိုရင်တော့ ၁၀ တော့ကျော်သွားပြီး။  အပေါ်ခန်းထဲကနေတောင်မှ ထွက်မရတဲ့အနေအထားမျိုးဖြစ်နေ တယ်။ အောက်အခန်းတွေ ဆိုရင်တာ့ အပြည့်ဖြစ်နိုင်ပါတယ်။ လှေက အပေါ်တပ်၊ အောက်တ ထပ်ပေါ့နော်။ အပေါ်ထပ်မှာ အခန်း ၁၊ ၂၊ ၃ ရှိတယ်။ အောက်မှာ လည်းရှိတယ်။”

အမြန်ရေယာဉ်ဟာ အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီလောက်မှာ ချင်းတွင်းမြစ်တွင်း တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပါတယ်။
ရုပ်သံ- ကိုဝင်းဇော်ခိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: