Leave a comment

“ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ထုတ်ပယ်ခံရသည့် အကြောင်းရင်း”

“ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ထုတ်ပယ်ခံ ရသည့် အကြောင်းရင်း”
ဒါလေးလည်း ဖတ်ကြည့်စေချင်ပါတယ်။ ဒုဝန်ကြီးဟောင်းပြောထားတာလည်း ပါတယ်ဆိုတော့ ဝေဖန်သုံးသပ်နိုင်ကြမလားပဲ။
————————-
ရေးသူ : Min Myat Maung

“ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ထုတ်ပယ်ခံရသည့် အကြောင်းရင်း”
~~~~~~~~~~~
အစိုးရသစ်တက်လာတဲ့ ၇ လအတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို ထုတ်ပယ်လိုက်တဲ့ ကိစ္စကြောင့် NLD အစိုးရလည်း အာဏာရှင်ဆန်တယ်ဆိုပြီး ပြောဆို ဝေဖန်သံတွေကြားရပါတယ်။ လူမှန်နေရာမှန် တာဝန် ပေးခံရတဲ့ စိုက်ပျိုးရေးပါရဂူတစ်ယောက်ကို ဝန်ကြီးဖြစ်တဲ့ သင်္ချာသမား တက္ကသိုလ်ပါချုပ်ဟောင်းက ထုတ်ပစ်တာ နည်းလမ်းမမှန်ဘူးလို့ လူတွေက ထင်တာပေါ့။

ထုတ်ပယ်ခံရတဲ့ ဒေါက်တာထွန်းဝင်းနဲ့  မဇ္ဈိမသတင်း ဌာနရဲ့ အင်တာဗျူးကို ကြည့်ပြီးတော့ သူဖြေတဲ့အချက် တွေထဲမှာ အကြောင်းရင်းကို ရှာတွေ့မိတယ်။

ဒေါက်တာထွန်းဝင်းဟာ ပညာလည်းတော်ပြီး၊ ဆင်းရဲသား တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေး ပြေလည် စေချင် သူ၊ တိုင်းပြည်ကောင်းကျိုးကို သယ်ပိုးလိုတဲ့ စိတ်စေတနာရှိသူလို့ ထင်မြင်ယူဆရပါတယ်။ ဒီရည်ရွယ်ချက်အတွက် အကြံကောင်း ဉာဏ်ကောင်းတွေ ထုတ်ပြီး စီမံကိန်းတွေလည်း ရေးဆွဲထားတာ သိရတယ်။ ဒီလိုလူတော်လူကောင်းတစ်ယောက်ကို ထုတ်ပစ်တာ နှမျောစရာပါဗျာ။

ဒါပေမယ့်၊ သူပြောတဲ့အချက်တွေအရပဲ သူ့အမှားတွေကို တွေ့လာရတယ်။ တောသူတောင်သား လယ်သမားတွေ ဝင်ငွေတိုးပြီး အာဟာရဖြစ်အောင် ဆည်တွေထဲမှာ ငါးမွေးဖို့ သူက စေတနာကောင်းနဲ့ တင်ပြတာကို ဝန်ကြီး အစည်းအဝေးမှာ ပယ်ချခံရတယ်။ ဆည်မြောင်း ညွှန်ချုပ် က ကန့်ကွက်လို့တဲ့။

ဆည်ထဲမှာ ငါးမမွေးရ၊ ရေမကူးရဆိုတဲ့ ဆည်မြောင်း ဥပဒေရှိတယ်လို့ ထောက်ပြပါတယ်။ ဆည်မြောင်းအင်ဂျင်နီယာတွေကလည်း ဆည်ကောနိုင် တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုကြတယ်။ ဒေါက်တာထွန်းဝင်းဟာ စိုက်ပျိုးရေးမှာ တစ်ဖက်ကမ်း ခတ် ကျွမ်းကျင်ပေမယ့် ဆည်တည်ဆောက်ပုံကိုတော့ အင်ဂျင်နီယာတွေက ပိုနားလည်မယ်လို့ ယူဆရတယ်။

ပြီးတော့၊ အရေးအကြီးဆုံးအချက်က ဥပဒေနဲ့ တားမြစ် ထားတဲ့ကိစ္စကို သွားလုပ်လို့ မရဘူး။ အင်္ဂလိပ်ကိုလိုနီလက်ထက်က ထုတ်ထားတဲ့ ဥပဒေဖြစ် စေ၊ အရင်တည်ဆဲဥပဒေနဲ့ ကန့်သတ်ထားရင် ဒီဥပဒေကို လွှတ်တော်မှာ အရင်ဆုံး တင်ပြဆွေးနွေးရမယ်။ ပြီးမှ ပြင်ဆင်ပြောင်းလဲသင့်တာ၊ ဖျက်သိမ်းတာ၊ အသစ်တိုးချဲ့ တာတွေ လုပ်မှ နည်းလမ်းမှန်ပါမယ်။ ဥပဒေက မည်သို့ ဆိုစေကာမူ၊ ဒုဝန်ကြီးအမိန့်နဲ့ လုပ်တယ်ဆိုရင် အရင်စစ် အစိုးရ တွေလို ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး လုပ်ချင် တိုင်းလုပ်တဲ့ ပုံစံဖြစ်လာမှာပေါ့။

ပြီးတော့၊ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက ဟဲဟိုးစိုက်ပျိုးရေးခြံကိစ္စပါ။ အင်္ဂလိပ်လက်ထက်ကတည်းက မျိုးစေ့ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ နိုင်ငံပိုင် စိုက်ပျိုးမွေးမြူရေးခြံတွေကို (အရင်) စစ်အစိုးရလက်ထက်မှာ ခရိုနီတွေ၊ သူတို့နဲ့ နီးစပ်သူတွေကို နှစ် ၅၀ စာချုပ်နဲ့ ငှားရမ်းခဲ့တယ်။ ငှားရမ်းခကလည်း နည်းပါးလွန်းတော့ ဒေါက်တာ ထွန်းဝင်းက နိုင်ငံတော်နဲ့ တောင်သူလယ်သမားတွေ နစ်နာဆုံးရှုံးတယ်ဆိုပြီး ပြန်သိမ်းယူလိုက်တယ်။

ဒီနေရာမှာ (အထူးသတိပြုရမှာကတော့) သူ့အထက်က ဝန်ကြီးအပါအဝင် ဘယ်သူ့ကိုမှ တင်ပြခြင်းမရှိဘဲ သူ့သဘောနဲ့သူ (ဒုဝန်ကြီးအာဏာသုံးပြီး) သိမ်းလိုက်တာ ကို သူကိုယ်တိုင်ပြောပါတယ်။ သူ့အနေနဲ့ နိုင်ငံပိုင်မြေကို ကာကွယ်လိုက်တယ်လို့ ဦးဝင်းထိန်ကို ပြောပြတယ်။

အဲဒီကိစ္စမှာ အလွန်ဆိုးဝါးတဲ့အချက်ကတော့ နှစ် ၅၀ စာချုပ်နဲ့ မြေငှားရမ်းထားတာက အမေရိကန်နိုင်ငံသားပိုင် Prime Ltd. ကုမ္ပဏီဖြစ်တယ်။ ငှားထားတာ ၄-၅ နှစ်ရှိပြီး ဒေါ်လာ ၈ သန်းလောက် အကုန်အကျခံ ထားတယ်ဆိုတဲ့ မြေကို ဒုဝန်ကြီးက ပြန်သိမ်းယူ လိုက်တဲ့အခါ ပြဿနာက ပိုကြီးလာပြီ။ အသိမ်းခံရပြီး ဒေါ်လာ ၈ သန်းလောက် ဆုံးရှုံးတဲ့ အမေရိကန်နိုင်ငံ သားက သံရုံးကတဆင့် သူ့အစိုးရကို တိုင်ပြီပေါ့။ ဒီတော့ သာမန်မြေငှားပြဿနာ မဟုတ်တော့ဘဲ အစိုးရချင်း ဖြေရှင်းရမယ့် အနေအထားကို ရောက်သွားပြီလေ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဒီကိစ္စဟာ ဆူးညှောင့်ခလုတ် ဖြစ်လာတော့မယ်။

အခုအချိန်မှာ NLD အစိုးရသစ်အနေနဲ့ နိုင်ငံခြား တိုင်းပြည်တွေဆီက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ် နေချိန်ဖြစ်လို့ ဒါဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်၊ ဒီလို ကိုယ့်သဘောနဲ့ကိုယ် လျှောက်လုပ်နေတဲ့ ဒေါက်တာထွန်းဝင်းကို ရာထူးက ကိုယ့်ဖာသာ နုတ်ထွက်ပြီး အငြိမ်းစားယူဖို့ ဦးဝင်းထိန်က တိုက်တွန်းနားချခဲ့တယ်။ သုံးကြိမ်သုံးခါ ပြောပေမယ့် ဒေါက်တာထွန်းဝင်းက သူမှန်တယ်ဆိုတဲ့ စာကိုပဲရေးပြီး တင်တာကြောင့် နောက်ဆုံး ထုတ်ပယ်လိုက်ရတဲ့ အဆင့်ကို ရောက်သွားတာပါ။ ဒါတွေဟာ သူ့အင်တာဗျူးမှာ သူကိုယ်တိုင် ပြောထားတာတွေပါ။

ဒီအချက်တွေကို ထောက်ရှုပြီး တွေးဆမယ်ဆိုရင်၊ ဒေါက်တာထွန်းဝင်းဟာ စိုက်ပျိုးရေးပညာမှာ ဆရာတစ်ဆူ ပါရဂူ ဖြစ်ပေမယ့်၊ ဥပဒေရေးရာမှာ ဘာမှနားမလည်ဘူး။ လုပ်ထုံးလုပ်နည်းတွေ မသိဘူး။ နိုင်ငံတကာဆက်ဆံရေးမှာ ပြဿနာတက်မှာကို မမြင်ဘူး။ သူဟာ တိုင်းပြည်နဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေအပေါ် စိတ်စေတနာထားရင်း အမှားတွေကို လက်လွန်ခြေလွန် လုပ်မိခဲ့တယ်။

ဒါကြောင့်၊ ကိုယ့်ဖာသာ ဣနြေ္ဒရရ အနားယူနုတ်ထွက်ဖို့ အခွင့်အရေးပေးပေမယ့်၊ ကိုယ်လုပ်တာမှန်တယ်ဆိုတဲ့ အယူအဆကို တရားသေဆုပ်ကိုင်ထားလို့ ထုတ်ပယ်ခံရတာလို့ပဲ မြင်ပါတယ်ဗျာ။ အစိုးရသစ်နဲ့ သမ္မတကြီး ဦးထင်ကျော်၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တို့ကိုချည်း အပြစ်မတင်ပါနဲ့၊ လုပ်သင့်လုပ်ထိုက်တာကို မလွှဲမရှောင်သာ လုပ်လိုက်တယ်လို့ပဲ နားလည်စေချင်ပါတယ်

Credit Thetdwe Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: