Leave a comment

ရိုဟင်ဂျာအရေး လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ကြောင်း ကုလသမဂ္ဂပြော

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ခံစားနေရသူတွေ ဖြစ်နိုင်ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနရုံးရဲ့ အစီရင်ခံစာမှာပါတဲ့ အကြံပြုတိုက်တွန်းချက် အများအပြားကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဒီအချက်တွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အကြမ်းဖက်မှုတွေဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ရောက်ရှိနေနိုင်ကြောင်း ဒီကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဟာ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်ကို   လေ့လာရေး ရောက်ရှိမှာဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်ကတော့ ဒီပြဿနာအပေါ်    ဒေါ်အောင် ဆန်းစုကြည် ကိုင်တွယ်ဖြေရှင်းနေရတာဟာ အမှိုက်တောထဲက အမှိုက်ပုံကြီးကို အမွေဆက်ခံ   နေရတာနဲ့ တူကြောင်း၊ လုပ်ပိုင်ခွင့် အပြည့်အဝမရှိတဲ့အတွက် ဒီအခြေအနေကို ဘာမှ လုပ်လို့ မရကြောင်း၊ အခုလုပ်ဆောင်နေတာဟာ တွေ့ဆုံစကားပြော ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သာ ဒေါ်အောင် ဆန်းစုကြည် က ကြိုးပမ်းနေတာဖြစ်ကြောင်း AFP သတင်းဌာနကို ပြောကြားထားပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: