Leave a comment

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက် ဖက် ရ ဟူ သည့် အာဆီယံ ပဋိညာဉ်ကို မလေးရှား အစိုးရ လိုက်နာရန် မြန်မာ အစိုးရပြော

မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် မြန်မာနိုင်ငံအပေါ် ဆန္ဒပြရှုတ်ချပွဲကို မလေးရှားဝန်ကြီးချုပ်

နာဂျစ်ရာဇတ် ကိုယ်တိုင်ပါဝင်တက်ရောက် သွားမည့်သတင်းများထွက်ပေါ်နေသည့်အတွက်
မလေးရှားနိုင်ငံအဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း
မပြုရဟူသော အာဆီယံ၏ မူဝါဒကို လေးစားလိုက်နာရန် လိုအပ်သည်ဟု သမ္မတရုံးပြောရေး
ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာတိုင်းမ်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။

“မလေးရှားအစိုးရက အာဆီယံကချမှတ်ထားတဲ့ မူဝါဒကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။
နိုင်ငံရေးထောက်ခံမှုရအောင် ဘာသာရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတာကိုတွေ့နေရပါ
တယ်”ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမူဆလင်များ သွေးထွက်သံယိုတိုက်ခိုက်မှုများ ခံနေရသည်ဟုဆိုကာ
လာမည့်တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ တီတီဝမ်ဆာ အားကစားကွင်းတွင် အဆိုပါ ဆန္ဒပြ
ပွဲကို ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံနေ မြန်မာနိုင်ငံသားမူဆလင်များ ပါဝင်ရန်
လည်း ဒုတိယ၀န်ကြီးချုပ် ကိုယ်တိုင် ဖိတ်ခေါ်ထားသည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးထံမှ
သိရသည်။

မြန်မာအစိုးရအနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်
လျက်ရှိနေပြီး လတ်တလောအခြေအနေတွင် ကိစ္စတစ်ခုကို တစ်ဦးတည်းတစ်ယောက်တည်း
လုပ်ဆောင်ခြင်းမျိုး ရှောင်ကြဉ် ကြရန်လည်း လိုအပ်သည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက
ဆိုသည်။

“အကဲဆတ်တဲ့အခြေအနေမျိုးမှာ မြန်မာနိုင်ငံသားတွေကို ဒုက္ခမရောက်စေချင်ဘူး”ဟု ၎င်းက
ပြောသည်။

ထို့ပြင် ဆန္ဒပြရှုတ်ချပွဲတွင် မလေးရှားအစိုးရခေါင်းဆောင်များကိုယ်တိုင် ပါဝင်ခြင်း သေချာပါ
က မြန်မာနိုင်ငံရှိ မလေးရှားသံအမတ်ကိုလည်း မြန်မာအစိုးရဘက်က ခေါ်ယူမေးမြန်းသွားမည်
ဟုလည်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။

လာမည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံအပေါ် ရှုတ်ချဆန္ဒပြပွဲရှိနေခြင်းကြောင့် မြန်မာသံရုံးက
မလိုလားအပ်သော ကိစ္စရပ်များမဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ
အနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် ဒီဇင်ဘာ ၂ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။

“မလေးရှားမှာရှိနေတဲ့ မြန်မာတွေအနေနဲ့ သတိထားပြီးသွားလာနေရတာတွေရှိပါတယ်။ သံရုံး
ကလည်း ထုတ်ပြန်ထားတော့ ကျွန်တော်တို့ တော်တော်လေးသတိထားပြီး နေနေရပါတယ်”ဟု
မလေးရှားနိုင်ငံရောက် သီတဂူအထောက်အကူပြုအဖွဲ့မှ ဦးသီဟမောင်မောင်က ဆိုသည်။

ပြီးခဲ့သည့်အပတ်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် လက်ရှိဖြစ်ပွားနေသော အခြေ
အနေများနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် NGOs
များမှ ဦးဆောင်၍ မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

http://myanmar.mmtimes.com/index.php/national-news/23212-2016-12-02-11-09-36.html

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: