Leave a comment

ရခိုင်ကိစ္စ ဆွေးနွေးရန် အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး မြန်မာနှင့် ဘင်္ဂလား သို့ သွားမည်

 ဒီဇင်ဘာ ၁၇၊ ၂၀၁၆

M-Media

indo

– ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများ အထူးသဖြင့် ထိုဒေသရှိ မွတ်စလင်များ ကြုံတွေ့နေရသည့် ဒုက္ခသုက္ခများအတွက် အဖြေရှာရန် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်သို့ ၂ ရက်ကြာ သွားရောက်မည်ဟု သိရသည်။

မာဆူဒီမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၉ ရက်နေ့ တနင်္လာနေ့တွင် သွားရောက်ကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ အင်္ဂါနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူဒ် အလီနှင့် ဒါကာ၌ တွေ့ဆုံမည်ဖြစ်သည်။

“မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရန်ကုန်မြို့မှာ တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးကြ မှာ ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်က ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်အသေးစိတ် အချက်အလက်ကို မြန်မာအစိုးရ က ပေးလိမ့် မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ အသေးစိတ် တိုက်ရိုက်သိရတာဟာ အစကောင်းမှု တစ်ခု ပါပဲ” ဟု မာဆူဒီက သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် စစ်တပ်က ညှင်းပမ်းနှိပ်စက်နေမှုများ ရှိသည်ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ခြင်းမရှိဟု ယူဆရသောကြောင့် ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံတကာ အသိုင်း အ၀ိုင်း ၏ ဝေဖန်မှုများကို ခံနေရသည်။

အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက် အစိုးရစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းမှ မွတ်စလင် ၂ သောင်းကျော်မှာလည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး၊ စစ်တပ်၏ အဓမ္မကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို ခံနေရသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။   မြန်မာ အစိုးရကမူ ထိုစွပ်စွဲချက်မျာကို ငြင်းဆိုထားသည်။

Ref: Jakatar Post

http://www.m-mediagroup.com/news/63525

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: