Leave a comment

မောင်တော တွင် အစိုးရ ရွေးချယ် စေလွှတ် တဲ့ သတင်း ထောက် တွေ နဲ့ အတွေ့ ခံ ရိုဟင်ဂျာ တစ်ဦး ခေါင်းဖြတ် ခံရ

By Ko Ko  December 23, 2016

မောင်တောတွင် အစိုးရရွေးချယ်စေလွှတ်တဲ့ သတင်းထောက်တွေနဲ့ အတွေ့ခံ ရိုဟင်ဂျာတစ်ဦး ခေါင်းဖြတ်ခံရ

၂၃. ၁၂. ၂၀၁၆

မောင်တော ။     ။ ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်းမှာ အတိုက်ခိုက်ခံကျေးရွာများတွင် သတင်းရယူရာတွင်   မြန်မာအစိုးရရဲ့ ဘက်လိုက်ဖို့ အစိုးရကိုယ်တိုင် ရွေးချယ်စေလွှတ်တဲ့ သတင်းထောက်တွေနဲ့ အတွေ့ခံ ရိုဟင်ဂျာ တစ်ဦး ခေါင်းဖြတ်ခံရပါတယ်။

မြန်မာနိုင်ငံ ပြန်ကြားရေးဌာနရဲ့ အစီစဉ်အရ  ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မောင်တောမြို့နယ်သို့ သတင်း ကောက် ယူရန်လာရောက်တဲ့  သတင်းထောက်တွေဟာ စစ်သား ၊ နယ်ခြားစောင့်ရဲတွေနဲ့ အတူပါလာပြီး ငါးစကြူးနဲ့ ငါးခူရ ကျေုးရွာများရဲ့ အခြေအနေကို လေ့လာစုံစမ်းနေစဉ် ဒိုစ့်မူဟာမတ် (ဘ) ဘော်ဒီအုဇ္ဇာမာန်၊ အသက် (၃၉) နှစ် က တွေ့စုံပြီး ဖြစ်ရပ်အမှန်ကို တင်ပြပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ အတွေ့ခံ ဒိုစ့်မူဟာမတ်ဟာ အဲဒီနေ့ ညနေပိုင်းမှာ ငါးခူရဈေးတွင်း လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် စားသောက်နေရင်း ရခိုင်အစွမ်းရောက်ဝါဒီအချို့က ဆွဲခေါ်ယူသွားခဲ့ပြီး ပြန်လွတ်ပေးခြင်း မရှိခဲ့ကြောင်း၊ နောက်နေ့ ၂၂ ရက်နေ့မှာ အဲဒီကျေးရွာရဲ့ ကပ္ပကောင်းချောင်းထဲတွင် သူ့ရဲ့ ခေါင်းဖြတ်ခံအလောင်းကို လက်နှစ်ဖက်ချည်ထားတဲ့ အခြေအနေတွင်မျောနေစဉ်  ဒေသခံတံငါသည်အချို့က တွေ့မြင်ခဲ့ပြီးနောက် မိသားစု အား သတင်းပေးပို့ခဲ့ကြောင်း   တံငါသည်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ (၉) ရက်နေ့မှစပြီး စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ အပြစ်မဲ့ ရိုဟင်ဂျာ ရွာသူ၊ရွာ သားများအပေါ် မတရားသဖြင့် ကျူးလွန်တဲ့အကြမ်းဖက်မှုတွေနဲ့ မုဒိမ်းမှု၊ သတ်ဖြတ်မှုတွေရဲ့ သတင်းတွေကို ဒိုစ့်မူဟာမတ်က သတင်းထောက်တွေအား ရဲရဲဝံ့ဝံ့ တင်ပြခဲ့တဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရခိုင်အစွမ်း ရောက်ဝါဒီတွေနဲ့ ပူးပေါင်းသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အယ်ဒီတာမူဟာမ္မဒ် ရှူးအိုက်(ဗ်)

http://www.rvisiontv.com/burmese/%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: