Leave a comment

မိုင်(၁၀၀)ကျော် မြစ်ကြောင်းကြီး ကို ရေကူး ပြီး ဖြတ် ကျော်ခဲ့တဲ့ ဒုက္ခသည် တွေ ကို ဆေး ကုသ ပေးနေ သူ ဆော်ဒီ ဆရာဝန် မလေး

Wednesday, December 28, 2016

ဆော်ဒီဆရာဝန်မလေး မရ်ယမ်စွာလိဟ်ဟာ ဆီးရီးယားဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေ သူ ကျော် ကြား တဲ့ မွတ်စ်လင်မ် အမျိုးသမီးငယ်တစ်ဦးပါ။

သူမဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းကို မြတ်နိုးတဲ့စိတ်နဲ့ ရေးကူးဝါသနာနှစ်ခုကို တစ်ပြိုင်တည်း ပေါင်းစည်း   ဖော်ဆောင် ခဲ့ပါတယ်။ သူမရဲ့မြတ်နိုးတဲ့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် မိမိရဲ့ဝါသနာကို အသုံးချခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံ အဇ်ရက်ပြည်နယ်မှာရှိတဲ့ ဆီးရီးယားဒုက္ခသည်စခန်းမှာ သွားဘက်ဆိုင်ရာရောဂါတွေ အခမဲ့ကု သပေး တဲ့ဆေးခန်းတစ်ခုကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဆိုပါဒုက္ခသည်စခန်းမှာ ခိုလှုံနေသူပေါင်း (၅၅၀၀၀) ကျော်ရှိပြီး ဂျော်ဒန်နိုင်ငံရဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်း AMC ရဲ့ ကူညီထောက်ပံ့ မှုလည်း ပါရှိပါတယ်။

မရ်ယမ်စွာလိဟ်ဟာ ဒီနှစ်ထဲမှာပဲ နှစ်ကြိမ်တိုင်တိုင် စံချိန်ချိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပထမတစ်ချိန်ကတော့ ဗြိတိန်နိုင်ငံကနေ (၁၀၁) မိုင်လောက် ရှည်လျားတဲ့ Thames မြစ်ကို (၁၀) ရက်အတွင်း စုန်ဆင်းကူးခတ်ကာ ဖြတ်သန်းနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး အမျိုးသမီးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒုတိယစံချိန်ကတော့ မိုင်ပေါင်း (၂၁) မိုင် (၃၁ ကီလိုမီတာ) ရှည်လျားတဲ့ မြစ်ကြောင်းကို ဆန်တက်ပြီး ဒီမြစ်ကို   ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဦးဆုံးသော ဆော်ဒီနိုင်ငံသူအဖြစ် စံချိန်ချိုးနိုင်ခဲ့ပါတယ်။

တူရ်ကီနိုင်ငံရဲ့ ပွင့်လင်းရေး Hasbont စိန်ခေါ်ပွဲကိုလည်း သူမဟာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဥရောပနဲ့ အာရှတိုက်နှစ် တိုက်ကြားကို ဖြတ်ကူးနိုင်မဲ့ ပထဦးဆုံးဆော်ဒီအမျိုးသမီး ဖြစ်လာပါတော့မယ်။

ဒီရေကူးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ သူမရဲ့ရည်ရွယ်ချက်ကတော့ ဆီးရီးယားက ဒုက္ခသည်အရေး ကို   ဖြေရှင်းပေးဖို့နဲ့ သူတို့ကို ကူညီပံ့ပိုးပေးကြဖို့ လူအသိုင်းအဝိုင်းကို ဆော်သြဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံ ဂျစ်ဒဟ်မြို့မှာ ကြီးပြင်းလူလားမြောက်ခဲ့တဲ့ မရ်ယမ်စွာလိဟ်က အရဗီယာနက်သတင်း ဌာနနဲ့   တွေဆုံမေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ ကျမဟာ ဆော်ဒီနိုင်ငံလို ပေးကမ်းစွန်ကြဲမှု၊ လူမှုဖူလုံရေးကူညီမှုတွေ ရှင်သန်ရာ ပတ်ဝန်းကျင်မှာ ကြီးပြင်း လာခဲ့သူပါ။ ဒီအချက်ကပဲ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ချစ်ခင်မြတ်နိုးစိတ်က ကျမရဲ့ နှလုံးသားထဲမှာ မျိုးစေ့ချပေး ခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ကျမရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူ့အသိုင်းအဝိုင်းနဲ့ မိသားစု အသိုင်းအဝိုင်းက သူတစ်ပါးကောင်းကျိုးဆောင်ရွက်မှုနဲ့ သူတစ်ပါးအတွက် စဉ်းစားပေးမှုတို့ရဲ့ အရေးပါပုံကို သွန်သင်ပေးပါတယ်။ ကျမရဲ့ပတ်ဝန်းကျင်မှာ ကောင်းမှုကို မနှစ်သက်တဲ့သူ၊ ကောင်းမှုအတွက် အလုပ်လုပ် ရမှာ ကို မနှစ်သက်တဲ့သူဆိုလို့ တစ်ယောက်မှကို မရှိပါဘူး။ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုယ်အတွက် စဉ်းစားသလို မျိုး သူတစ်ပါးအတွက်လည်း အမြဲစဉ်းစားဖို့ လိုပါတယ်။ ”

မရ်ယမ်စွာလိဟ်က သူမရဲ့ စိတ်ခံစားချက်ကို အခုလို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

“ ဆော်ဒီနိုင်ငံသူ တစ်ယောက်ဟာ သူမရဲ့အိမ်မက်တွေ အကောင်အထည် ဖော်လိုရပါတယ်။ အစ္စလာမ်သာသနာ့ အဆုံးမတွေကိုလည်း မချိုးဖောက်ဘဲ အားကစားကဏ္ဍတွေမှာ ပါဝင်နိုင်တယ်ဆိုတာကို ကျမက သက်သေပြချင် တာပါ။ တစ်ချိန်တည်းမှာပဲ ဒီထက်ပိုကြီးမားတဲ့၊ ဒီထက်ပိုအရေးပါတဲ့ ပြဿနာတွေ ကို ဖြေရှင်းနိုင်တဲ့အဆင့် ကိုပါ   ရောက်နိုင်ပါတယ်။ အထူးသဖြင့် ထောင်ပေါင်းများစွာသော ဆီးရီးယားဒုက္ခသည် ဖတဆိုးကလေးတွေကိစ္စပါပဲ။ သူတို့လေးတွေဟာ လက်တလော အလွန်ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ”

ရေကူးအားကစားမှာ Thames မြစ်ကို ဖြတ်ကူးပြီး စံချိန်ချိုးခဲ့နိုင်မှုနဲ့ပတ်သက်ပြီး ဒေါက်တာ မရ်ယမ်က “ စတုတ္ထနေ့မြောက်နေ့မှာ ပြန်လှည်ဖို့လောက်ထိ ကျမစဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျမရဲ့မိခင်ကြီးက ကျမကို စိတ်ဓာတ်ခွန်အားတွေ သွန်းလောင်းပေးခဲ့ပါတယ်။ သူမရဲ့ အဆက်မပြတ် အားပေးမှုကြောင့် စိတ်ဓာတ်ကျမှုကို ကျမ လွှမ်းမိုးနိုင်ခဲ့တယ်။  အလ္လာဟ့်ကျေးဇူးတော်နဲ့ ကျမရဲ့ အိပ်မက် အထမြောက် အောင်မြင်သွားခဲ့ပါပြီ။ ”

သွားဘက်ဆိုင်ရာ Gernan Board ဆု ဆွတ်ခူးရရှိထားသူ မရ်ယမ်စွာလိဟ်က အခုလို ဆက်လက်ပြောကြား ခဲ့ပါတယ်။ “ အဇ်ရက်ဒုက္ခသည်စခန်းမှာ ဆီးရီးယားဒုက္ခသည်တွေအတွက် သွားဆေးခန်း ဖွင့်လှစ်နိုင်မှုဟာ အလွန် အရေးပါတဲ့ ခြေလှမ်းလို့ ဆိုရပါမယ်။ ဒီဆေးရုံက အရာရာကို ဆုံးရှုံးလိုက်ရတဲ့ ဒုက္ခသည်တွေ အမြောက်အမြားကို အခမဲ့ ကုသပေးနိုင်တော့မှာပါ။ ”

© အလင်းမျက်ဝန်း | ကိုးကား » العربية

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: