Leave a comment

အမေရိကန် ညွှန်ပေါင်း အဖွဲ့တွေက ISIS တွေ ကို ထောက်ပံ့ ပေးနေတဲ့ သက်သေ တွေကို ရထားတယ် လို့ အာဒိုဂန် ပြောဆို

Image may contain: 1 person

ဒီဇင်ဘာ ၂၈၊ ၂၀၁၆ Myanmar Muslim Media

တူရကီသမ္မတအာဒိုဂန်က အမေရိကန်ညွှန်ပေါင်းတပ်တွေဟာ ISIS အပါအ၀င် ဆီးရီးယားကအကြမ်းဖက် အဖွဲ့တွေကို ကူညီပေးနေတယ်ဆိုတာကိုသက်သေတွေရှာတွေ့ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့အဖွဲ့တွေဟာ သမ္မတဘာရှားအာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဆီးရီးယား   တော် လှန်   ရေး တပ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အင်္ဂါနေ့က တူရကီမြို့တော် အန်ကာရာမှာ “သူတို့တွေဟာISIS အပါအ၀င် ကာဒစ်ရှ်ဝတ်စုံတွေနဲ့ YPG, PYD နဲ့အမျိုးမျိုးသောအစွန်ရောက် အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတာ ယုံကြည်ရတယ်”လို့ အာဒိုဂန်ကပြောကြားခဲ့ပါတယ်။

“သူတို့တွေဟာ Daesh, YPG, PYDအပါအ၀င် အကြမ်းဖက်အဖွဲ့တွေကိုထောက်ပံ့ပေးနေတာရှင်းပါတယ်။ သက်သေတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေကိုလည်းရထားတယ်ဆိုတာ အတည်ပြုပါတယ်” လို့သူကဆက် လက်ပြောကြားခဲ့ပါတယ်။

မစ္စတာအာဒိုဂန်က “ဆီးရီးယားအရေးဆွေးနွေးဖို့ အီရန်နဲ့ရုရှားတို့တွေ့ဆုံပွဲမှာ ဆော်ဒီနဲ့ကာတာတို့ လည်းပါဝင် သင့်ပြီး   ချစ်ကြည်မှုနဲ့ထောက်ပံ့ပေးမှုတွေပေးအပ်သင့်တယ်”လို့လည်း မစ္စတာအာဒိုဂန်ကပြောကြားခဲ့ပါတယ်။

မော်စကိုနဲ့တီဟီရန်တို့နဲ့ရင်းနှီးတဲ့မဟာမိတ်ဖြစ်တဲ့ ဆီးရီးယားသမ္မတအာဆတ်ကိုဖြုတ် ချဖို့ တော်လှန်ရေးအဖွဲ့တွေ ကို တူရကီ ဆော်ဒီနဲ့ကာတာတို့က အဓိကနောက်ခံအင်အားပြုနေတာဖြစ်ပါတယ်။

အာဒိုဂန်ရဲ့ယူဆချက်တွေဟာအဓိပ္ပာယ်မရှိဘူးလို့ အမေရိကန်အစိုးရဌာနကငြင်းပယ်ခဲ့ပါတယ်။

Source : Independent
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: