Leave a comment

မွတ်စလင်တွေ အပေါ် ထားတဲ့ တစ်ယူသန် ၀ါဒ ကို အဆုံး သတ်ကြဖို့ ကုလ အကြီး အကဲ တိုက်တွန်း

ဇန်န၀ါရီ ၁၈၊ ၂၀၁၇

Myanmar Muslim Media

Image may contain: 1 person

သည်းခံနိုင်မှု ရင့်ကျင့်တဲ့နားလည်မှုတွေနဲ့ ကွဲပြားခြားနားမှုတွေရဲ့တန်ဖိုးကို အသိအမှတ်ပြုပြီး ပါဝင်တဲ့စည်းမျဉ်း စည်း ကမ်းတွေကနေ အင်အားကိုအသုံးချဖို့ ကုလအတွင်းရေးမှူး Antonio Guterres က မေတ္တာရပ်ခံလိုက် ပါ တယ်။

“ကျွန်တော်တို့အားလုံးမှာခွဲခြားဆက်ဆံပြီး သေးသိမ်အောင်လုပ်ခြင်းမျိုးဟာ လူတွေနဲ့လူ့အဖွဲ့အစည်းတွေကြား သူတို့ရဲ့အရည်အသွေးကို တားဆီးထားသလိုမျိုးပါပဲ”လို့ ဂျနီဗာမြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်   ရောက် လာတဲ့ Guterres ကပြောကြားခဲ့ပါတယ်။

“လုံခြုံမှုအားနည်းပြီး အင်အားနည်းပါးတဲ့အဖွဲ့အစည်းတွေရဲ့အချိန်တွေမှာက အလွယ်တကူကြားဝင်ဒဏ်ခံရ တာ မျိုး ဖြစ် လာတာမျိုးနဲ့ မတူပါဘူး။” လို့ အထွေထွေအတွင်းရေးမှူးကဆိုပါတယ်။ အဖွဲ့အစည်းတွေကြားနှစ်ခြမ်း ကွဲအောင် အဆိုးမြင်ဝါဒီတွေရဲ့လုပ်ရပ်တွေကို အားလုံးကဆန့်ကျင်ပြီး အိမ်နီးချင်းအဖြစ်မျိုးပြသကြဖို့ သူက ထပ်မံ   တောင်း ဆိုခဲ့ပါတယ်။

“မွတ်စလင်ဆန့်ကျင်ရေး မုန်းတီးမှုနဲ့ကျူးလွန်တဲ့ပြစ်မှုတွေ သူစိမ်းကြောက်စိတ် လူမျိုးရေးခွဲခြားမှု ဂျူးဆန့်ကျင်ရေး ၀ါဒ နဲ့ တစ်ခြားတစ်ယူသန်သဘောထားတွေဟာ တိုးတက်များပြားလာနေတယ်”လို့ ကုလအကြီးအကဲက မှတ်ချက်   ပြုထားပါတယ်။ “လူအများအပြားဟာ သံသယဖြစ်ခံနေရသလို ချုပ်ချယ်မှုတွေရဲ့သားကောင်ဖြစ်နေ ရပါတယ်။ ဒါဟာအချက်အလက်တွေပေါ်မှာတော့ရှိမှာမဟုတ်ပါဘူး။ ဒါဟာလူ့အဖွဲ့အစည်းတွေမှာ လူတွေရဲ့ဂုဏ် သိက္ခာ နည်းပါးလာနေတာပဲဖြစ်တယ်”လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

“နေရာတိုင်းကလူတိုင်းကို သူတို့ရဲ့ယဉ်ကျေးမှုသဏ္ဍာန်တွေအတွက် တန်ဖိုးထားဖို့လိုအပ်နေပါတယ်။ တစ်ချိန် တည်း မှာပဲ အဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ အင်အားရှိတဲ့အတွေးအမြင်တွေရှိရပါမယ်။ လူ့အဖွဲ့အစည်းတွေ ဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ပိုမိုဖြစ်ထွန်းလာမှာဖြစ်သလို စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေမှာလည်း စည်လုံး ညီညွတ်မှုတွေလိုအပ်ပါတယ်။ ဒါမှသာ ကွဲပြားခြားနားမှုတွေဟာ ခြိမ်းခြောက်မှုမဟုတ်ပဲ ကြွယ်ဝချမ်းသာမှုတွေ အဖြစ်မြင်ရတော့မှာဖြစ်ပါတယ်။” လို့သူကအလေးအနက်ထားပြောဆိုခဲ့ပါတယ်။

သူ့ရဲ့အမှာစကားတွေထဲမှာ Guterres က အဖွဲ့အစည်းတွေကအတူတကွစည်းလုံးညီညွတ်စွာနဲ့ အားလုံးအတွက်   လေးစားမှု လုံခြုံမှု နဲ့ ဂုဏ်သိက္ခာတွေကိုမြင့်တင်ကြဖို့ တိုက်တွန်းထားပါတယ်။

“ကျွန်တော်တို့အတူတကွ လူ့အခွင့်အရေးအတွက်တစ်ယူသန်သဘောထားတွေကို ဆန့်ကျင်ရပ်တည်သွားကြပြီး အတူတကွပေါင်းကူးတံတားတွေတည်ဆောက်ကြရမယ်။ ကျွန်တော်တို့အတူတကွ ကြောက်ရွံမှုတွေကို မျှော်လင့်ချက်တွေအဖြစ်ပြောင်းလဲသွားကြမယ်”လို့ သူကနိဂုံးချုပ်   ပြော ဆိုခဲ့ပါတယ်။

Source : The Nation
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: