Leave a comment

ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး ကူညီရန် အိုအိုင်စီ နိုင်ငံများကို မလေးရှား တိုက်တွန်း

ဇန်န၀ါရီ ၁၉၊ ၂၀၁၇

M-Media

– မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံနေရမှုကို လုံးဝရပ်တန့်ဖို့အရေး မွတ်စလင်   တွေနိုင်ငံတွေ က ကူညီဆောက်ရွက်ပေးဖို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာပြုလုပ်တဲ့ အိုအိုင်စီ အထူးအစည်းအဝေးမှာ ဒီလိုပြောကြားလိုက် တာဖြစ်ပြီး   မြန်မာနိုင်ငံ က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတာက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေ တာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေကို လုံးဝ ရပ်တန့်ရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် IS အကြမ်း ဖက် အဖွဲ့အပါအ၀င် အခြား လက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာတွေကို သွေးဆောင်ဖျားယောင်း သွားနိုင် တယ်လို့ လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

“IS လို အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒီအခြေအနေကို အမြတ်ထုတ်နိုင်တယ်ဆိုတာ အိုအိုင်စီအဖွဲ့ ၀င်နိုင်ငံတွေ ကောင်းကောင်းသိပါတယ်”

နောက်ပြီး မြန်မာအစိုးရအနေနဲ့ ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ နာဂျစ်က တိုက်တွန်းခဲ့ပြီး အကူအညီတွေ ၀င်ရောက်ခွင့်ပေးဖို့၊ ဒုက္ခသည်တွေကို အန္တရာယ်ကင်းစွာ အိမ်ပြန်ခွင့်ပေးဖို့လည်း ဆော်သြ ခဲ့ပါ တယ်။

“ဒါမျိုးက လက်ရှိမှာ လုပ်ကိုလုပ်ရမှာပါ။ မြန်မာအစိုးရက ‘လူမျိုးတုန်းသတ်ဖြတ်မှု’၊ ‘လူမျိုးစုလိုက် သုတ်သင်မှု’ ဆိုတဲ့ စကားလုံးတွေအတွက် ငြင်းချက်ထုတ်ပါတယ်။ ဘယ်လိုအသုံးအနှုန်းပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေ က စောင့် လို့မရတော့ပါဘူး”

ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် မလေးရှားက ရင်းဂစ် ၁၀ သန်း (ကန်ဒေါ်လာ ၂.၂၅ သန်း) ထပ်မံလှူဒါန်းသွားမယ်လို့လည်း ၀န်ကြီးချုပ်နာဂျစ်က ထည့် သွင်း   ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ လဆန်းပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်သားတွေဟာ ရိုဟင်ဂျာပြည်သူတွေအပေါ် တရားလက် လွတ်သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာ အစိုးရ ကတော့ ဒါဟာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ရိုဟင်ဂျာရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိုးကြိတ်ကန်ကျောက် ရိုက်နှက် တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် နိုင်ငံတကာက ဝေဖန်သံတွေ ပိုမိုထွက်လာခဲ့ပါ တယ်။ အစိုးရကတော့ ဒီလို အပြစ်ကျူးလွန်သူတွေကို အရေးယူထားပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။

နာဂျစ်က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို စွန်း ထင်းစေတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက မိမိတို့အနေနဲ့ ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အခန်းကဏ္ဍတစ်ခု ကနေ ပါဝင်သွားဖို့ အဆင်သင့်ဖြစ်တာထက်တောင် ပိုနေပြီလို့ ပြောကြားခဲ့ပါတယ်။

မာဆူဒီဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကိုလာရောက်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖိုရှိနေပြီး စနေနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

အိုအိုင်စီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ် အိုထိုင်မင်ကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှု၊ စနစ်တကျ ညှင်းပမ်းနှိပ်စက်မှုတွေကို လုံးဝရပ်တန့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: