Leave a comment

ရိုဟင်ဂျာ အရေး ကိုဖြေရှင်းဖို့ အချိန်ပေးဖို့ အတွက် မြန်မာတောင်းဆို

ဇန်န၀ါရီ ၂၃၊ ၂၀၁၇ Myanmar Muslim Media

မြန်မာနိုင်ငံရဲ့လက်ထောက်ကာကွယ်ရေးအကြီးအကဲဖြစ်သူက အခြေအနေကိုအသုံးချနိုင်တဲ့ဂျီဟဒ်ဝါဒီအရေးမှာ ရိုဟင်ဂျာလူမျိုးစုတွေပါဝင်ပတ်သက်နေမှုအရေးအခင်းတွေကိုဖြေရှင်းဖို့ သူ့အစိုးရကို အချိန်ပေးဖို့ တနင်္လာနေ့မှာ ကမ္ဘာ့အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

“အစိုးရက ရခိုင်ပြည်နယ်က ကျယ်ပြန့်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အပြည့်အ၀သိမြင်ပြီးစိုးရိမ်ပူပန်နေ တယ်” လို့ ဗိုလ်ချုပ်ကြီးမြင့်နွယ်က စင်္ကာပူနိုင်ငံက လုံခြုံရေးဖိုရမ်တစ်ခုကိုပြောကြားခဲ့ပါတယ်။ အဲဒီမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေ ဟာ မှားယွင်းပြီးအပြစ်ပေးခံနေရတာဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေပေါ်ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဝေဖန်မှုတွေကိုကြာရှည် ရင်ဆိုင်နေရ တာဖြစ် ပါတယ်။
“အပြစ်မဲ့အရပ်သားတွေကိုလူ့အခွင့် အရေးချိုးဖောက်တယ်နေတယ်ဆိုတာကို အစိုးရလျစ်လျူရှုထားတာမဟုတ်ပါဘူး။ ခိုင်လုံတဲ့သက်သေရထားတဲ့ ဘယ်သူ့ကိုမဆို တရားဝင်တုံ့ပြန်လုပ်ဆောင်သွား မှာဖြစ်တယ်”လို့ မြင့်နွယ် ကပြောကြား ခဲ့ပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Hishammudin Hussein က “ရခိုင်ပြည်နယ်ကအခြေအနေတွေ ကို သေချာမ ကိုင်တွယ်နိုင်ဘူးဆိုရင် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေက အရှေ့တောင်အာရှမှာခြေကုပ်စခန်း ရယူပြီးအသုံးချ သွားနိုင် တယ်”လို့ သတိပေးထားပါတယ်။ “ဒီကြောက်မက်ဖွယ်အရေးဟာ အာဆီယံနယ်စပ်တွေကြား သေဆုံးမှုတွေ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်လာနိုင်တဲ့အလားအလာရှိနေတယ်”လို့ သူကအာဆီယံအရေးအတွက်ကိုပါ ထည့် သွင်းပြော ကြား ခဲ့ပါတယ်။

“ရိုဟင်ဂျာအရေးဟာ အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုစမ်းသပ်ချက်ဖြစ်ပြီး အဲဒီအရေးကိုဖြေရှင်းဖို့လိုအပ်ပါ တယ်။   ကောဇောအောက်ကိုကျွန်တော်တို့လှည်းထုတ်လိုက်လို့မရဘူး အဲဒါမွတ်စလင်အများအပြားအပေါ် သက်ရောက် မှုဖြစ်စေသွားမှာ ဒါအရမ်းကိုစိတ်ခံစားချက်နဲ့ဆိုင်သွားပြီ” လို့သူက ကိုယ်စားလှယ်တစ်ယောက် ရဲ့မေးခွန်း ကိုဖြေကြား ခဲ့ပါတယ်။

“ရန်ကုန်နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ပြသနာကိုအပြီးသတ်ဖြေရှင်းဖို့အပေါ်မှာ အာရုံစိုက်ထားသင့်တယ်” လို့မြင့်နွယ် က ပြောကြားခဲ့ပါတယ်။ “ဒီရှုတ်ထွေးတဲ့အရေးပေါ်မှာ အဖြေရှာဖို့ အစိုးရဲ့ကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာ အချိန်ပေးသင့်တယ်”လို့ မြင့်နွယ်ကဆက်လက်ပြောကြားခဲ့ပါတယ်။

Source : Freemalaysia today
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: