Leave a comment

ဦးကိုနီ၏ ကိုယ်ရေး မှတ်တမ်း အကျဉ်း

image

လုပ်ကြံ သတ်ဖြတ်ခံရသည့် NLD ဥပဒေ အကြံပေး ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံး သွားခဲ့တယ်လို့ သိရပါသည်။
.
ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
————————————
ဦးကိုနီ [ B.A (Law) ;LL.B. ]
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၄၇)
ဥက္ကဌ
LAUREL ဥပဒေအတိုင်ပင်ခံလုပ်ငန်း
အမှတ်- ၁၂၈၊(ပ)ထပ်၊၄၁လမ်း၊ရန်ကုန်။
.
ဦးကိုနီအား ဖခင် ဦးစူလ်တန်၊ မိခင်-ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာ တို့မှ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ မွေးဖွားခဲ့ပြီး ယခုလုပ်ကြံ ခံရချိန်တွင် အသက် (၆၄)နှစ် ပြည့်တော့မှာ ဖြစ်ပါသည်။
.
ကသာမြို့ အ.ထ.က (၁)ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီးနောက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူး ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် B.A (Law) ဘွဲ့ကို လည်း ကောင်း၊ ၁၉၇၆ ခုနှစ်တွင် LL.B. ( ဥပဒေဘွဲ့) ကိုလည်း ကောင်းရရှိ ခဲ့ပါသည်။
.
၁၉၇၅-၁၉၇၆ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကသိုလ်ဥပဒေအသင်းကြီး၏ ဒုတိယဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနတွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
.
၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင် တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင် ရင်း ဆရာကြီး ဦးကိုယု၏ ရှေ့နေ ချိန်ဘာတွင် အလုပ် သင် ရှေ့နေအဖြစ်လည်း ကောင်း၊ အမှုလိုက်ရှေ့နေ အဖြစ်လည်းကောင်း၊ လုပ်ငန်းတာဝန်များကို လုပ်ကိုင် ခဲ့ပါသည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါ နှစ်သက် သည့်အလျောက် မေတ္တာဖြင့် ဟောပြောပို့ချမှုများကို တတ်နိုင်သမျှ ပြုလုပ်ခဲ့ပါသည်။
.
၁၉၉၅ ခုနှစ်မှစ၍ LAUREL LAW FIRM ကို တရားဝင်မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဌ အဖြစ် ဥပဒေအကျိုးဆောင်များအား သင်တန်ပေးခြင်း၊ လွှတ်တော်အမတ်များအား ဥပဒေရေးရာဆိုင်ရာ သင်ကြားပို့ချပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
.
ဦးကိုနီမှာ Laurel ဥပဒေအကျိုးဆောင်အဖွဲ့၏ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ရာဇ၀တ်မှု ဆိုင်ရာ အမှုအခင်းပေါင် ၉၀၀ ကျော်၊ နိုင်ငံသားဆိုင်ရာ အမှုပေါင်း ၁၄၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက် ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များကို စီးပွားရေးဆိုင်းရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေရေးရာ အကြံပေးမှုများလည်း ပြုလုပ်ခဲ့သည်။
.
ဦးကိုနီမှာ ဥပဒေရးရာနှင့် ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင် ရေးဆိုင်ရာ၊ ဒီမိုကရေစီဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကိုလည်း အမြောက်အများ ရေးသား ခဲ့သည်။
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဗဟိုကော်မတီ၏ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဥပဒေရေးရာ အကူအညီအပေး ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်နေသည်။
.
ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်သော ဥပဒေ အကျိုးဆောင် များ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး၊ နိုင်ငံတာရှေ့နေများအသင်း၊ မြန်မာ စာရေးဆရာများအသင်းတို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။
.
ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၂ ဦး ၊ သား ၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

http://www.m-mediagroup.com/news/64951

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: