Leave a comment

လူ့ခွင့်ရေးချိုးဖေါက်မှု အရေးယူဖို့ အချက်အလက်ပေးရန် ကုလကို ဒေါ်အောင်ဆန်းစုကြည် ပြောဆို

image

Photo: RFA

(  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် )

ရခိုင်ပြည်နယ်မောင်းတောဒေသမှာ မြန်မာလုံခြုံရေး တပ်တွေက လူအခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂက စွပ်စွဲချက်တွေအပေါ်မှာ
အထောက် အထားခိုင်လုံရင် စုံစမ်းစစ်ဆေး အရေးယူမူ တွေပြုလုပ်သွားမယ်လို့ဒေါ်အောင်ဆန်းစုကြည် က သောကြာနေ့က ပြောဆိုတယ်လို့ ရိုက်တာသတင်း တရပ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး အရာရှိတွေ ကိုကိုးကားပြီးရေးသားထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေးရုံးက မောင်းတောဒေသမှာ
လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသလို အမျိုးသမီးတွေလည်း အုတ်စုလိုက်အဓမ္မပြုကျင့်ခံ ရတာတွေရှိတယ်ဆိုတဲ့ အစီရင်ခံစာတဆောင်ကို ပြုစုခဲ့ပြီး
လွန်ခဲ့တဲ့နာရီပိုင်းက လူ့အခွင့်အရေးကော်မရှင်နာ Zeid Ra’ad al–Hussein ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခဲ့ပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ စစ်ဆင်ရေးတွေကိုဖြစ်နိုင်တဲ့ နည်းနဲ့ ချက်ခြင်း ရပ်ပေးဘို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စုံစမ်းစစ်ဆေး မူတွေပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို အရေးယူဖို့ အတွက်သူ့အနေနဲ့ သတင်းအချက်အလက်တွေ ရရှိဖို့လိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။ အလားတူကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီးသမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဦးဇော်ဌေး ကလည်း အထူးစိုးရိမ်မိတယ်လို့ပြောဆိုပြီး ဖွဲ့စည်း ထားတဲ့ ဒုတိယသမတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာ ဒေသတွင်းနယ်မြေ ရှင်းလင်းရေးစစ်ဆင်ရေးကာလ ၄လအတွင်း လူပေါင်းရာ နဲ့ ချီပြီးအသတ်ခံရဘွယ်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။  လူပေါင်း၂၀၀ ကျော်ကို မေးမြန်းခဲ့ရာမှာ ၄၇%ထဲက  မိသားစုဝင်တွေ အသတ်ခံခဲ့ရတယ်လို့ပြောဆိုပြီး ၄၃%ရဲ့မိသားစုဝင်တွေ အဓမ္မပြုကျင့်ခံရတယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ လူ့အခွင့်ရေးကော်မရှင်က ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုစေလွှတ်ဖို့
သင့်တယ် လို့လည်းပြောဆိုခဲ့သလို တချို့လိုအပ်မယ် ဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည် ဆိုင်ရာတရားရုံးကိုတာဝန်ပေးအပ်ဖို့သင့်တယ် လို့ ပြောပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: