Leave a comment

ဦးကိုနီ၏ သမီးအကြီးဆုံး ဒေါက်တာယဉ်နွယ်ခိုင် နှင့် တွေ့ဆုံခြင်း

image

“လူတစ်ဖက်သားကို နာနာကျင်ကျင်နဲ့ အထက်စီးက ဆက်ဆံတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ Political လုပ်နေတာဆိုတော့ သဘောထား ကွဲလွဲကောင်း ကွဲလွဲနိုင်လိမ့်မယ်”

ဦးကိုနီ၏ သမီးအကြီးဆုံး ဒေါက်တာယဉ်နွယ်ခိုင် နှင့် တွေ့ဆုံခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား တစ်ဦးရဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရချိန်မှာ သူ့ရဲ့မြေးကလေးကို ချီထားရင်းနဲ့ လဲကျသေဆုံး သွားခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုပ်ကြံခံရစဉ်မှာ ဦးကိုနီရဲ့ ရင်ခွင်ထဲမှာရှိနေခဲ့တဲ့ နှစ်နှစ်နှစ်လအရွယ် ကလေးငယ်လေးရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ မြင်ခဲ့ရသမျှတွေ၊ ကိုနေ၀င်း မိသားစုဝင်အတွက် ထပ်တူဝမ်းနည်းရမှု အကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးကိုနီရဲ့ အိမ်အပြန်ခရီးကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တဲ့ သမီးအကြီးဆုံးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နဲ့ မေးမြန်းသမျှကို ဖော်ပြလိုက်ပါတယ်။

■ မေး – ပထမဆုံးအနေနဲ့ ဖြစ်စဉ်လေးကို အရင်ပြောပေးပါ။

■ ဖြေ – အစ်မအမေရဲ့ အဘွားက စနေနေ့ညက ဆုံးတယ်။ ပထမတော့ အဖေက တနင်္ဂနွေပြန်လာမယ်ဆိုပြီး အမေရော အစ်မရော သွားကြိုဖို့စီစဉ်ပြီးကာမှ အဘွားက တနင်္ဂနွေမှာ အသုဘချတော့ အမေကို ပင်ပန်းတယ်ဆိုပြီး မလိုက်ခိုင်းဘဲ အစ်မဘာသာ တူလေးကိုခေါ်ပြီး သွားကြိုလိုက်တယ်။ သွားကြိုတော့ လေဆိပ်ထဲက အဖေက ထွက်လာတယ်။ အဖေက လွယ်အိတ်လေးလွယ်ထားတယ်။ လဗ်ကေ့လေးနဲ့၊ အဖေက သူ့မြေးလည်းမြင်ရော အားရပါးရနမ်းရှုပ်ပြီး ချီလိုက်တယ်။ အဲဒါနဲ့အစ်မကလည်း လဗ်ကေ့လေးဆွဲပြီး သူတို့ မြေးအဘိုးကရှေ့ကထွက် အစ်မက နောက်ကလိုက်လာတာပေါ့။ ထွက်ပြီးတော့ အစ်မက အိမ်ကားကို လှမ်းခေါ်လိုက်တယ်။ အစ်မတို့က လေးနာရီလောက် ကြိုရောက်နေတော့ ပါကင်မရလို့ အဝေးမှာ ရပ်ထားတယ်။ အစ်မတို့ ထွက်လာမှ ဖုန်းဆက်တော့ကားက တက်လာနေပြီ။ အစ်မတို့ရှိတဲ့နေရာကို အစ်မက လမ်းညွှန်နေတော့ အဖေက ဘာကြောင့်လဲမသိဘူး။ ပုံမှန်ဆို အဖေက ဒီဘက်မှာပဲရပ်တယ်။ အဲဒီ လိုကနေ ဟိုဘက်ကို ကျော်ပြီး သွားရပ်တယ်။ ကားကလည်းလာနေပြီ။ ၂ ကား ၃ ကားလောက်ပဲ စောင့်ရတော့မယ်။ အဲဒီအချိန်မှာ အစ်မက ဦးလေးကိုနေရာကို လမ်းညွှန်နေတုန်း အချိန်မှာ ဒိုင်းဆိုပြီး ပစ်သွားတာ။ အဲဒီအချိန် အစ်မ ရုတ်တရက် ထင်တာက ကားဘီးပေါက်တာပေါ့။ ညီမလေးရယ် မြန်မာနိုင်ငံမှာ သေနတ်ဆိုတဲ့ အသံမျိုး ကြားမှ မကြားဖူးတာနော်။ လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကားတစ်စီးက အဖေနဲ့ နည်းနည်းလေး ကွယ်နေတယ်။ အဖေကခွေနေပြီး အဖေ့ခြေရင်းဘေးမှာ သားသားက ၀မ်းလျားထိုးလေး။ ကလေးကလည်း အရမ်းကြောက်နေတယ်။ ခုနကအသံနဲ့ အဖေနဲ့ကိုလည်း မဆက်စပ်မိဘူး။

■ မေး – သေနတ်နဲ့ အပစ်ခံရတဲ့အချိန်မှာ ဆရာဦးကိုနီက မြေးလေးကို ချီထားတာဆိုတော့ ကလေးအဲဒီဖြစ်စဉ်ကို အနီးကပ်မြင်ခဲ့ရတဲ့အတွက် ကလေးရဲ့ ကျန်းမာရေးအခြေအနေရော အဆင်ပြေရဲ့လား။

■ ဖြေ – ကလေးရဲ့ အခြေအနေက အခု တစ်ခုခုဖြစ်ပြီဆို မျက်ရည်ကျပြီး ၀မ်းနည်းပက်လက်ကို ငိုလာတယ်။ ဟိုနေ့ကဆိုလည်း ဆော့နေရင်းကနေ  ငြိမ်သွားပြီး ငူငူကြီး စကားလည်းမပြောတော့ဘူး။ စိုက်ကြည့်နေတယ်။  အစ်မယောက်မလေးနဲ့ အပြန်အလှန် တူတူဆော့နေရာကနေ လုံးဝငြိမ်ပြီး ထထွက်သွားပြီးတော့ ငိုငိုပြီး လမ်းလျှောက်သွားတာ။ ကလေးကို ကြည့်ရတာက သူ့မသိစိတ်ထဲမှာ အဲဒါကြီးက အကြီးကြီး ကျန်ခဲ့တယ်ထင်တယ်။ သေနတ်နဲ့ပစ်တယ်။ အဲဒါကြီးကိုသူပဲ မြင်လိုက်သလား၊ ဘယ်လိုလဲ မသိပါဘူး။ …..

အပြည့်အစုံ ဖတ်ရှုရန် >>>>> http://news-eleven.com/interviews/31941

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: