Leave a comment

တရားလွှတ်​​တော်​​ရှေ့​နေ ဦးကိုနီ အသတ်​ခံရမှု အ​ပေါ် ​ဒေါ်​အောင်​ဆန်း စုကြည်​ ဘာ​ကြောင့်​ နုတ်​ပိတ်​ ​နေရ သနည်း

image

မွတ်စလင် အထင်ကရ အကြံပေးရှေ့နေတစ်ဦး အသတ် ခံ ရသည့်အပေါ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ လူသိရှင်ကြား ရေငုံနှုတ် ပိတ်နေ နေခဲ့ခြင်း အပေါ် တိုင်းပြည်၏ မတူကွဲပြားသည့် ဘာသာဝင်များအကြား ရပ်တည်ပြောကြားရန် သူမ၏ ၀န်လေး နေမှု့နှင့် တိုင်းပြည်၏ အင်အား အကြီးဆုံး စစ်တပ် အပေါ်တွင် သူမဘက်မှ ကာဗာပေးနေမှု့တို့အား  မေးခွန်း ထုတ်စရာများ မြင့်တက်လာခဲ့သည်။

ဦးကိုနီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်န၀ါရီလ နှစ်ဆယ့်ကိုးရက်နေ့၌ လုပ်ကြံ ပစ် သတ်ခြင်း ကို ခံလိုက်ရသည်။ ပစ်ခတ်သူအား အခင်းဖြစ်နေရာ၌ပင် လက်ရဖမ်းဆီး မိခဲ့ပြီး လုပ်ကြံ ပစ်ခတ်သည့် အကြမ်းဖက် သမားက မွတ်စလင်တစ်ယောက်အား သတ်ပေးလျှင် သူ့အား ကားဝယ်ဖို့ ပိုက်ဆံပေးမည်ဟု အသိ တစ်ယောက် က ကမ်းလှမ်းခဲ့သောကြောင့် အခုလို သတ်ဖြတ်ရခြင်း ဖြစ်ကြောင်း ရဲအား ၀န်ခံပြောကြားခဲ့ သည်။ နောင်တွင် ဆက်စပ်တရားခံများကိုလည်း ထပ်မံ ဖမ်းဆီး ရမိခဲ့သည်။

ရှေ့နေတစ်ဦးနှင့် အာဏာရပါတီ  အန်အလ်ဒီ ၏ ဥပဒေ ဆိုင်ရာ အကြံပေးတစ်ဦးလည်း ဖြစ်သော ဦးကိုနီမှာ ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက ပြဌာန်းလာခဲ့သော မျိုးစောင့် ဥပဒေဆိုင်ရာ ကန့်သတ် ချက် များအပေါ်တွင် ပွင့်ပွင်းလင်းလင်း ဝေဖန်ခဲ့သူ တစ်ယောက် အဖြစ် နံမည်ကြီးခဲ့သူ တစ်ယောက်ဖြစ်ပြီး ဘာသာရေး အမုန်းတရားများ တားဆီးသည့် ဥပဒေကြမ်း ကို လည်း ပြဌာန်းနိုင်အောင် ကူညီအားပေးခဲ့သူ တစ်ယောက် ဖြစ်သည်။

Read more : http://www.m-mediagroup.com/news/65226

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: