Leave a comment

တမန်တော်မြတ် (ဆွ) ပွင့်မည့် အကြောင်း ကို ခရစ်တော်က ယုံကြည်ပြီး သမ္မာကျမ်းတွင် ကြိုတင် ဟောကိန်း ထုတ်

#ဂျီးဆပ်ရဲ့ကြိုတင်ဟောချက်ပါဘိုက်ဘယ်ကျမ်း

ဖေဖေါ်ဝါရီ ၈၊ ၂၀၁၇ Myanmar Muslim Media

No automatic alt text available.No automatic alt text available.No automatic alt text available.

တမန်တော်မြတ်(ဆွ)ကမ္ဘာမြေပေါ်မှာပွင့်ပေါ်မယ်ဆိုတာကို ခရစ်တော်ကယုံကြည်ပြီးကြိုတင်ဟောကိန်းထုတ်ထားတဲ့ လျှို့ဝှက် ဘိုင်ဘယ်ကျမ်းစာကို ဗာတီကန်က စိတ်ဝင်စားနေပြီး စိတ်အားထက်သန်မှုရှိနေပါတယ်။ပြီးခဲ့တဲ့ ၁၂နှစ်လုံး တူရကီနိုင်ငံမှာပျောက်ကွယ်နေခဲ့တဲ့သမ္မာကျမ်းစာအကြောင်းဖော်ပြထားတဲ့ နှစ်ပေါင်း၁၅၀၀ ကျော်သက်တမ်းရှိတဲ့ကျမ်းစာအုပ်ကို ပုပ်ရဟန်းမင်းကြီးက ကြည့်ဖို့စိတ်အားထက်သန်နေပါတယ်။

ပေါင် ၁၄သန်းတန်တဲ့ ရွှေစာတွေရေးထိုးထားတဲ့ကျမ်းစာအုပ်ကြီးဟာ ခရစ်တော်ရဲ့မူရင်းဒေသက Aramaic ဘာသာ စကားနဲ့ရေးထိုးထားတာဖြစ်ပြီး အဲဒီကျမ်းစာအုပ်ထဲမှာ ခရစ်တော်ရဲ့အစောပိုင်းကာလက တရားဟောကြား ချက်တွေ နဲ့ တမန်တော်မြတ်(ဆွ) ပွင့်ပေါ်မယ်လို့ကြိုတင်ဟောကိန်းတွေပါ ရေးထိုးထားပါတယ်။

ဒီသားရေကျမ်းစာအုပ်ကို ၂၀၀၀ခုနှစ်က မှောင်ခိုတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း တူရကီရဲတွေက ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်ထိ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးနောက် အန်ကာရာမြို့ လူမျိုးနဲ့ယဉ်ကျေးမှု ဆိုင်ရာ ပြတိုက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရှေးခေတ်လက်ရေးစာမှုက သားရေစာမျက်နှာတစ်ရွက်ရဲ့ ဓာတ်ပုံကော်ပီ သည်ပင်လျှင် ပေါင်၁.၅သန်းခန့်တန်ကြေးရှိမယ်လို့ယူဆထားပါတယ်။

တူရကီယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၀န်ကြီး Ertugrul Gunay က ကျမ်းစာအုပ်ဟာ စစ်မှန်တဲ့ သမ္မာ ကျမ်းစာ ဖြစ်နိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီလက်ရေးစာမှုကျမ်းကို ဗာတီကန်ကလေ့လာဖို့ တရားဝင်   တောင်းဆို ထားတယ်လို့သူကဆိုပါတယ်။ အစ္စလာမ်မစ်ယုံကြည်ချက်လိုပဲ ကျမ်းစာမှာ ခရစ်တော်ကို ဘုရားသခင်လို့မသုံးနှုန်းပဲ လူသားတစ်ဦးလို့သာဖော်ပြထားပါတယ်။

Holy Trinity နဲ့ Crucifixion အဖွဲ့တွေရဲ့ယူဆချက်တွေကို ဒီကျမ်းစာကငြင်းပယ်ထားပြီး တမန်တော်မြတ်(ဆွ) ပွင့်ပေါ်လာမဲ့အကြောင်းကို ခရစ်တော်ကကြိုတင်ဟောကိန်းထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ကျမ်းစာရဲ့ တစ်နေရာ မှာ သူက ဘုန်းတော်ကြီးတစ်ပါးကိုပြောထားပါတယ်။
“ဘုရားသခင်စေလွှတ်တော်မှုမည့်ဒီကယ်တင်ရှင်ကို ဘယ်လိုခေါ်ရမလဲ မိုဟာမက်လို့ အမည်တွင်မယ်” လို့ပြောကြား ခဲ့ပါတယ်။

Source : Daily Mail
ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: