Archive | March 4, 2017

You are browsing the site archives by date.

မြန်မာလုပ်သား နှစ်ဦး အယူခံ သဖြင့် ပယ်ချ ခံရ မြန်မာ ခေါင်းဆောင် နှစ်ဦး စိတ် မကောင်း

မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအယူခံအောက်တရား ရုံးက သေဒဏ်အမိန့် ထပ်မံချ မှတ်သည့်အပေါ် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။ ‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီး တော့ အတိုင်ပင်ခံရော၊ သမ္မတ ကြီးရော တော်တော်လေး စိတ် မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီ အတွက် အစိုးရဘက်က တတ် နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်း က ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေ ကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမား အရေး ဆောင်ရွက် တဲ့သူတွေ ရှိတယ်။ […]

Future of Mayu မေယုရှေ့ရေး

 

ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ

ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ၀က်ဝဲဥ သွားတူးရာမှ ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး (၄၁) ပြား ရရှိထားကြောင်း သတင်းရရှိသည်။ ကံပြင်စုရပ်ကွက်တွင်နေထိုင်သူ ဒေါ်မရွှေကြည်သည် ကံပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး   တောင် တွင် ၀က်ဝဲဥတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား(၄၁)ပြားတွေ့ရှိခဲ့ခြင်း   ဖြစ်ကြောင်း ငွေဒင်္ဂါးရရှိထားသူ   ဒေါ်မရွှေကြည်၏ လင်ယောက်ျား ဦးမောင်ခင်ရွှေက သည်။ ‘‘ ကျနော့် အိမ်ရှင်မ တောင်ကိုသွားပြီး ၀က်ဝဲဥ တူးရာက ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားတွေ့တာပါ။ ကျနော် ကြည့်ရ သလောက် ဒင်္ဂါးပြားက ပုံစံ(၄)မျိုးလောက်ပါတယ်။ တွေ့တာ တစ်လနီးပါးတောင်ရှိနေပြီ။ ကျနော့်အိမ်ရှင်မက ရခိုင်ရှေးဟောင်းဒင်္ဂါးလို့မသိဘူး။ နောက်မှ ကျနော်သိလို့ ကြည့်လိုက်တဲ့အခါမှ ရခိုင်စာပါတဲ့ ရှေးဟောင်း ဒင်္ဂါးပြားဖြစ်နေ တယ်။ အခုထိ […]