Archive | March 16, 2017

You are browsing the site archives by date.

သင်္ချာမေးခွန်း မှားယွင်းမှု ကျောင်းသား/ သူတွေ နစ်နာမှု ရှိမည်မဟုတ်ဟု ပညာရေး ဒုဝန်ကြီး ပြော

မင်းမင်း  Wed, 03/15/2017 ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) နေပြည်တော်(မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာဘာသာရပ် မေးခွန်း (ပြည်တွင်း) တွင် အမှတ် ၂၄မှတ်ဖိုး မှားယွင်းခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုရှိမည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုလိုက်သည်။ “မပူနဲ့၊ မပူနဲ့။ နစ်နာမှုတို့ ဘာတို့ ဘယ်သူမှ မရှိဘူး” ဟု မတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး   ခေတ္တ ရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးဝင်းမော်ထွန်းက ဖြေကြားသည်။ “မှားတယ်၊ မှန်တယ်၊ ဘာလုပ်မယ်ဆိုတာ စာစစ်မှူးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် မူတည်လိမ့်မယ်။ ဘယ်လိုမှားလည်း ဒါသိမှ ပြောလို့ရမယ်” ဟုလည်း ဦးဝင်းမော်ထွန်းက […]