Archive | March 17, 2017

You are browsing the site archives by date.

ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော်မည်ဟု မြန်မာအစိုးရ သတင်း ထုတ်ပြန်

၁၆ မတ်လ ၂၀၁၇ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်စလင်ကို သူတို့ရဲ့ အရင်နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပေးတာမျိုး၊ ဒုက္ခသည်စခန်းတွေကို လုံးဝ ပိတ်ပစ်တာမျိုးကို အလျင်အမြန် ဆောင်ရွက်သင့်တယ်လို့ ကုလအတွင်း ရေးမှူးချုပ် ဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးကော်မရှင်က ယနေ့မှာ ပြောကြားလိုက်ပြီး မြန်မာအစိုးရက အများစုကို အကောင်အထည်ဖော်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အရေး ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်မှုအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ သတင်းမီဒီယာတွေကို ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လွပ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူရေး စတာတွေကိုလည်း ကော်မရှင်က အကြံပြုခဲ့ပါတယ်။ “ယာယီဒုက္ခသည်စခန်းတွေဟာ အမြဲတမ်းရှိနေရမယ့် အခြေအနေမျိုးလို့ ကျွန်တော်တို့မထင်ပါဘူး” လို့ ကော်မရှင်အဖွဲ့ဝင် ဂါဆန် ဆာလာမီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Read […]

ရေများများ သောက်ဖို့ လိုအပ်နေပြီဆိုတာကို ပြနေတဲ့ လက္ခဏာ ၅ ရပ်

ကမ္ဘာပေါ်က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ကို လုံလုံလောက်လောက် မသောက်ဘဲ တစ်ခြား ဖျော်ရည်တွေနဲ့ပဲ ဖြည့်တင်းနေကြပါတယ်။ အံ့သြစရာကောင်းတာက အရွယ်ရောက်သူတွေတောင် ရေကို အလုံအလောက် မသောက်ကြပါဘူး။ လူအများစုဟာ တစ်နေ့တာလုံး လန်းဆန်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကဖိန်းဓာတ်များတာတွေကိုပဲ သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် အရည်သောက်တိုင်း ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို အပြည့်အဝ မရဘူး ဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ အရေးမကြီးဘူး ထင်ရပေမယ့် ရေဓာတ်မလုံလောက်ခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥပမာ အစာခြေစနစ်တွေ၊ ဆီးနဲ့ ပတ်သတ်တာတွေ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေဓာတ်ရှိနေဖို့ ဆိုရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ လူတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရတဲ့ […]