Archive | March 20, 2017

You are browsing the site archives by date.

(၇၂) မြောက် တပ်မတော်နေ့ DVB Debate မှာ ဗိုလ်ချုပ်နေဝင်းရဲ့ မြေး အေးနေဝင်း ဆွေးနွေးခဲ့တဲ့ ကောက်နှုတ်ချက်များ

(၇၂) မြောက် တပ်မတော်နေ့ ဂုဏ်ပြု အစီအစဉ် DVB Debate မှာ ဗမာ့တပ်မတော် ထည်ထောင်သူများထဲမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်နေဝင်းရဲ့ မြေး အေးနေဝင်း ပါဝင်ဆွေးနွေးခဲ့တဲ့ ကောက်နှုတ်ချက်များ …………….. တပ်မတော်မှာ ဗမာလူမျိုးတွေသာ ကြီးစိုးနေပြီး တိုင်းရင်းသေားတွေ အုပ်ချုပ်မှုနေရာများ အပေးမခံရဘူးဆိုတဲ့ အချက်ကို ဘယ်လိုမြင်ပါသလဲ ပကတိ အခြေအနေမှာ ဗမာတွေဟာ နိုင်ငံသားထဲမှာလည်း အများဆုံး၊ တပ်မတော်ထဲ စစ်မှုဝင်ထမ်းကြသူတွေထဲမှာလည်း အများဆုံးလူမျိုး ဖြစ်တာကြောင့် တပ်ခေါင်းဆောင်ပိုင်း နေရာကို ရောက်လာသူတွေမှာလည်း ဗမာတွေများနေတာ သဘာဝကျပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကို နေရာမပေးဘူးဆိုပြီးတော့ တပ်မတော်မှာ လုပ်တာမကြားဖူးပါဘူး။ မွန်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စန်းယု ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အထိအောင် ဖြစ်ခဲ့ပါတယ်။ တိုင်းမှူး တပ်မမှူး အဆင့်မှာဆိုရင်လည်း […]