Archive | April 14, 2017

You are browsing the site archives by date.

မြောက်ကိုရီးယားပြသနာ ဖြေရှင်းရမယ်လို့ ထရမ့်ပြောကြား

အမေရိကန်သမတ ဒေါ်နယ်လ် ထရမ့်က မြောက် ကိုရီးယားနိုင်ငံဟာ ပြသနာတရပ်ဖြစ်နေကြောင်းနဲ့ အဲဒီပြသနာကို သူဖြေရှင်းမှာဖြစ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်လေယဉ်ပျံ တင် သင်္ဘော Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စု ဦးတည်ခုတ်မောင်းနေပြီး မြောက်ကိုရီးယားကလည်း လာမယ့် စနေနေ့မှာ နူကလီယာစမ်းသပ်မှုပြုလုပ်မယ့် အလားအလာတွေ ပေါ်ပေါက်နေစဉ်အတွင်း သူက ခုလိုပြောကြားလိုက်တာပါ။ မကြာခင်ရက်ပိုင်းကတင် သမတ ထရမ့်ကမိမိတို့မှာ အင်မတန် အင်အားကြီးမားတဲ့ ရေငုတ်သင်္ဘောတွေ၊ လေယဉ်တင်သင်္ဘောတွေရှိသလို ကမ္ဘာပေါ်မှာ အကောင်းဆုံးတပ်ဖွဲ့တွေ ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီအတောအတွင်း တောင်ကိုရီးယားအစိုးရက အမေရိကန် အနေနဲ့ မြောက်ကိုရီးယားကို လက်ဦးမှုယူပြီး တိုက်ခိုက် မယ်ဆိုရင် မိမိတို့နဲ့ တိုင်ပင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။ အမေရိကန်စစ်သင်္ဘောအုပ်စုဟာ နောက်ထပ်တပတ် ကျော်ကြာမှ ကိုးရီးယားကျွန်းဆွယ်ကို ရောက်မှာပါ။ […]