Leave a comment

မင်္ဂလာတောင်ညွှန့်မှာ လူမျိုးရေး ပဋိပက္ခများ ကြီးထွားမှု မဖြစ်စေဖို့ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းမယ်

မေ ၁၀။ရန်ကုန်။ မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ကြီးထွားမှု တွေ မဖြစ်စေဖို့  ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု မြို့နယ် အတွင်း ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
မင်္ဂလာတောင်ညွှန်မြို့နယ် အတွင်းမနေ့ ညက  ဖြစ်ပွားခဲ့ တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် မြို့နယ်အတွင်း  နေထိုင်တဲ့ ပြည်သူတွေ ထိတ်လန်မှုတွေ ဖြစ်ခဲ့တယ်။ နောက်ထပ်မဖြစ်စေဖို့ မြို့နယ် NLD အဖွဲ့တွေ၊ရပ်ကွက် ထဲမှာရှိနေတဲ့ ရပ်မိရပ်ဖတွေ၊ ရဟန်းသံဃာတွေ၊ဗလီဆရာတွေကော အားလုံးစုပေါင်းပြီး မင်္ဂလာတောင်ညွှန်မြို့ နယ် လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
“အဖွဲ့ ဖွဲ့ ပြီးရင်မြို့နယ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ချိတ်ဆက်မယ်။ပြီးရင် လိုအပ်ရင်လိုအပ်သလို ကိုယ်ရဲ့မြို့နယ်ကို လုံခြုံရေးစောင့်ရှောက်ဖို့ စီစဉ်နေပါတယ်။”လို့ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
အဲ့သည့် အဖွဲ့အစည်းကနေ ရဟန်းသံဃာတော်တွေနဲ့ သက်ဆိုင်ရင် မြို့နယ် သံဃနာယကတွေ တခြား ဘာသာဝင်တွေ နဲ့ ပတ်သတ်ရင် ဗလီ ဆရာတွေ နဲ့ အချင်းချင်းညှိနှိုင်းပြီး လက်တုံ့ပြန်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
ဒါ့အပြင်  မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းမှ အထွေထွေ အုပ်ချုပ်ရေးမှူးတွေနဲ့ လည်း တွေ့မှာဖြစ်ပြီး တိုင်တန်းခံ ရတဲ့ အိမ်ရှင်ဒေါ်ဝင်းနဲ့လည်း တွေ့ဆုံသွားမယ်လို့သိရပါတယ်။ မနေ့ညကဖြစ်ပွားခဲ့တဲ့ အခြေခံ အကြောင်း တရားတွေကို ရှာဖွေမှာဖြစ်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လည်း မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါ တယ်။ “ကျွန်တော်တို့ အများကြီး တည်ဆောက် ထားရတာ ဒီအခြေအနေက နည်းနည်းပျက်သလို ဖြစ်သွား တယ် အဲ့ဒါကြောင့် ပြဿနာကို ထပ်မံ မကြီးပွားအောင် ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ ဆွေးနွေး တာဖြစ်တယ်။”လို့ ဦးရန်အောင်ကပြော ပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းက ရပ်ကွက် ၂၀ က ရပ်ကွက်နေပြည်သူတွေနဲ့ညှိနိုင်းပြီး မြို့နယ်လုံခြုံရေးကိုဆောင်ရွက်သွား မယ်လို့ သိရပါ တယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: