Leave a comment

လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှု အစ္စရေးပြည်သူများ ပြုလုပ်

image

မေ ၂၈၊ ၂၀၁၇

ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးအစိုးရက သိမ်းပိုက် ထားမှုကို ရပ်တန့်ရန်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအား ထောက်ခံရန် ရည်ရွယ်၍ အစ္စရေးပြည်သူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ချီတက်ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ချီတက်ဆန္ဒပြမှုကို စီစဉ်သည့်အဖွဲ့များမှ တစ်ခုဖြစ်သည့် Peace Now အဖွဲ့က အစ္စရေးအစိုးရက ‘အစဉ် တစ်စိုက် သိမ်းပိုက်နေခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူမျိုးရေး ခွဲခြားခြင်း’ တို့အားဖြင့် ပါလကစ်တိုင်း ပြည်သူများအား မျှော်လင့်ချက်နည်းပါးစေမှုကို ရှုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့သူတွေဟာ အစ္စရေးလူ့အဖွဲ့အစည်းမှာ ကြီးကြီးမားမား ရှိနေတယ် ဆိုတာကို အစ္စရေးပြည်သူတွေ၊ ပါလက်စတိုင်းပြည်သူ တွေနဲ့ ကမ္ဘာကြီးကို သက်သေပြဖို့ အချိန်ကျပါပြီ” ဟု Peace Now အဖွဲ့၏ အကြီးအကဲ အဗီ ဘက်စ်ကီ လာက ပြောကြားခဲ့သည်။

ချီတက်ဆန္ဒပြသူများမှာ ပါလက်စတိုင်းအလံများကို လွှင့်ထူ ဝှေ့ယှမ်းခဲ့ကြပြီး၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း ထိုဆန္ဒပြပွဲသို့ သ၀ဏ်လွှာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

“တရားမျှတမှု၊ အလုံးစုံငြိမ်းချမ်းမှုဆိုတဲ့ အသံတွေထက် ပိုပြီး ကျယ်လောင်တဲ့ အသံမျိုး မရှိပါဘူး။ ကျူးကျော် သိမ်းပိုက်ခံထားရမှုဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကနေ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ လွတ်လပ်ခွင့်ဆိုတဲ့ အသံထက် ကျယ်လောင် တဲ့ အသံမျိုး မရှိသလိုပါပဲ” ဟု သ၀ဏ်လွှာ တွင် ဖော်ပြထားသည်။

အစ္စရေး၏ အတိုက်အခံ လေဘာပါတီခေါင်းဆောင် အိုက်ဇက် ဟာဇွဂ်ကလည်း အဆိုပါ ဆန္ဒပြမှုတွင် မိန့်ခွန်းပြောကြားခဲ့ပြီး လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံမှာ ဆယ်စုနှစ်ချီ ကြာမြင့်နေသည့် ပြဿနာအတွက် အဖြေဖြစ်သည်ဟု ထောက်ခံခဲ့သည်။

ထို့ပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ ရှေ့ဆက်သွားရမည့် အခွင့်အလမ်းကို လက်လွှတ်နေသည်ဟုလည်း ဝေဖန်ခဲ့သည်။

အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အရှေ့ဂျေရုစလင်ကို ၎င်း၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းခဲ့ကာ ထိုလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်မပြုပေ။

၁၉၆၇ ခုနှစ်နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ရာ ၂၃၀ ကျော် တည်ဆောက် ထားပြီး လူပေါင်း သန်းဝက်ခန့် နေထိုင်နေကြသည်။

Ref: PressTV
မူရင်း: M-Media👉👉 https://m.facebook.com/story.php?story_fbid=1511462652229533&id=468226919886450

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: