Archive | July 2017

You are browsing the site archives by date.

ရုရှားပေါ် အမေရိကန် အပြင်းအထန် ဒဏ်ခတ်

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ ထိုးဖောက် တိုက်ခိုက်ပြီး အနှောက်အယှက် ပေးခဲ့တာ နဲ့ မော်စကိုမြို့မှာရှိနေတဲ့ အမေရိကန်သံတမန်တွေကို အနှောက်အယှက်ပြုတာ အပါအ၀င် ရုရှားရဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို သမ္မတ ဘရာ့ခ် အိုဘားမားက ချမှတ်လိုက်ပါတယ်။ နိုင်ငံတကာမှာ အခိုင်အမာ လက်ခံထားတဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူတာဟာ သင့်တော်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ကြာသပတေးနေ့က သမ္မတအမိန့်နဲ့ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေထဲမှာတော့ GRU နဲ့ FSB ရုရှား ထောက်လှမ်းရေးအဖွဲ့ နှစ်ခုနဲ့ GRU ထောက်လှမ်းရေးအဖွဲ့က တာဝန်ရှိသူလေးဦး၊ […]

အမေရိကန် သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားနှင်ထုတ်

31 ဇူလိုင်၊ 2017 ဗွီအိုအေ (မြန်မာပိုင်း) ရုရှားရှိ အမေရိကန်သံရုံး အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်သံဝန်ထမ်း ၇၅၅ ဦး ရုရှားနိုင်ငံကနေ ထွက်သွားရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အနိုင်ရအောင် ရုရှားက ၀င်နှောက်ပေးခဲ့တဲ့အတွက် အခုလို ဒဏ်ခတ်အရေုးယူမှု အသစ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လူပေါင်း ၁ ထောင်ကျော် အလုပ်လုပ်နေကြပြီး အဲဒီထဲက ၇၅၅ ယောက်အနေနဲ့ ရုရှား မှာ သူတို့လုပ်နေတာကို ရပ်ပစ်ရမယ်လို့ သမ္မတပူတင်က ရုရှား ရုပ်သံသတင်း ဌာနတခု ကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို […]

မြန်မာနဲ့ ကုလသမဂ္ဂ ဆက်ဆံရေး

31 ဇူလိုင်၊ 2017 ​ဒေါ်ခင်မျိုးသက် ဒေါက်တာဒေါ်ရင်ရင်နွယ် (UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်) ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံ အတွင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်အပါအဝင်၊ ကုလသမဂ္ဂမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ် ကို VOA က ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။ ဒေါ်ခင်မျိုးသက် ။ ။ ဆရာမဒေါ်ရင်နွယ် အခု ကျမတို့ VOA ကို လာရောက်ပြီးတော့ ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမဦးဆုံး ဆရာမဒေါ်ရင်နွယ်က […]

ဦးရဲထွဋ်၏သဘောထားအမြင်ကို တုန့်ပြန်ခြင်း by ဦးကျော်မင်း

နိုင်ငံရေးမှာ အမြင်ကွဲလွဲမှု ရှိတတ်သည်။ ယနေ့ရိုဟင်ဂျာအရေးကို ခုတံုးလုပ်ပြီး အမြတ်ထုတ် လိုသည့် နိုင်ငံရေးသမားအမည်ခံတစ်ဦးက စာအမျိုးမျိုးေ၇းနေသည်ကိုတွေ့ရသဖြင့် ရိုဟင်ဂျာ လူထု ကို အမှန်တကယ် ကိုယ်စားပြုသူများမှာ စာရေးရာတွင် အတော်စဉ်စားပြီး ရေးသားနေ ရသည်။ ၂၀၁၇ခုနစ်ခု၊ မေလ၊ ၁၄ ရက်နေ့ Park Royal Hotel မှာပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲမှာ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)က သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာမှာ ရိုဟင်ဂျာများ ကိုနိုင်ငံသား အသိအမှတ်ပြပြီး တချို့ ကန့်သတ်ထားသည့်ကိစ္စများ မှအပ တခြား လူမျိုးစုများနှင့် တန်းတူအခွင့်အရေးပေးသင့်သည်ဟု ပြောဆိုကြောင်း သိရသည်။ ဤအာဘော်မျိုး ကို မကြာခင်က ဦးရဲထွဋ် စင်ကာပူရောက်စဉ်လည်း ပြောဆို ခဲ့ကြောင်း ကြားသိရသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်က ဤအဆိုမျိုးကို […]

Myanmar Now သတင်းအယ်ဒီတာ ကိုဆွေဝင်း ဖမ်းဆီးခံရ

စုံစမ်းထောက်လှမ်း သတင်းရေးသားမှုတွေမှာ နာမည် ကျော်ကြားလာနေတဲ့ သတင်းထောက်တဦးဖြစ်တဲ့ ကိုဆွေဝင်းကို မင်္ဂလာဒုံရဲတပ်ဖွဲ့က ဒီကနေ့ ညနေပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ကိုဆွေဝင်းနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်း ထံမှ သိရပါတယ်။ ကိုဆွေဝင်းဟာ ခရီးသွားဖို့ လေဆိပ်ကို လာရောက်ရင်း ဒီကနေ့ ညနေပိုင်းက အဖမ်းခံရတာလို့ ကိုဆွေဝင်းရဲ့ သူငယ်ချင်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးအောင်က ဘီဘီစီကို ပြောပါတယ်။ သူကိုယ်တိုင်လည်း မင်္ဂလာဒုံရဲစခန်းကို အခုလိုက်သွားနေ တဲ့အတွက် ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ကိုအေးအောင်က  ဇူလိုင်လ ၃၀ ရက် နေ့ ည ၈ နာရီအချိန်မှာ ဘီဘီစီကို ပြောပါတယ်။ #ဘီဘီစီ မြန်မာပိုင်း ဓါတ်ပုံ-ကိုဆွေဝင်းဖေ့ဘုပ် ကိုဆွေဝင်းအား ယခင်က ရဲဌာနတခုမှာတွေ့ရစဉ်

အမေရိကန် ပေးတဲ့ အကူအညီ မြန်မာ စနစ်တကျ သုံးစွဲခြင်းမရှိ

မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ ထောက်ပံ့မှုတွေကို လူ့အခွင့်ရေးချိုးဖေါက်သူတွေနဲ့ အမေရိကန်အစိုးရက ပိတ်ပင်အရေးယူထားတဲ့ အဖွဲ့အစည်းတွေလက်ထဲ ရောက်ရှိခြင်းမရှိအောင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ (USAID- US Agency for International Development) နဲ့  နိုင်ငံခြားရေးဌာနတွေ အနေနဲ့ အခုထက်ပိုမိုပြီး စောင့်ကြပ်စစ်ဆေးဖို့လိုအပ်တယ်လို့ (GAO- Government Accountability Office) ခေါ် အစိုးရစာရင်းစစ်ဌာနက ပြောကြား လိုက်ပါတယ်။ အမေရိကန်အစိုးရစာရင်းစစ်ဌာန GAO ရဲ့ သောကြာနေ့ အစီရင်ခံစာမှာ USAID နဲ့ နိုင်ငံခြားရေး ဌာန ၂ ခုလုံးအနေနဲ့ မိမိတို့နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ NGO လို အဖွဲ့တွေရဲ့ ဆောင်ရွက်ပုံကို ပိုမိုစောင့်ကြည့်ဖို့ အကြံပြုတင်ပြ ထားပါတယ်။ အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေရယူနေတဲ့ မြန်မာပြည်က အဖွဲ့အစည်းတွေကို  […]

၁၄၀၄ ခုနှစ်လောက် က တည်​​ဆောက်​ခဲ့ေ​​သာ မြောက်​ဦးမြို့ ရှိ စန္ဒီခါန်းဗလီ

            အိန္ဒိယဘုရင်​ခန့်​အပ်​​သော ဗိုလ်​ချုပ်ကြီး စန္ဒီခါန်းနဲ့ မွတ်ဆလင်မ်များ က ရခိုင်​ဘုရင်​ မင်း​စောမွန်​ ကို ​မြောက်​ဦးမြို့ရှိ ရခိုင့်​ထီးနန်း အရ တိုက်​ယူ​ပေးခဲ့သည်​။ ထို့​ကြောင်းကျေးဇူးတင်သည့်​ အနေနဲ့ မြောက်ဦး မင်းဆက် တည်ထောင် သူ ရခိုင်ဘုရင်မင်းစောမွန် က သူ့နန်းတော်မဆောက်ခင် နန်း ဆောက် မယ့်အုပ်များဖြင့် စန္ဒီခါန်း ဗလီကြီးကို သက္ကရာဇ် ၁၄၀၄ ခုနှစ်တွင်​​ မြောက်ဦးမြို့ ကာဝါလောင် (ခ) မင်းတရားပြင်မှာ တည် ဆောက်ပေးခဲ့သည်။                ဒီဗလီကြီး ကို ဗိုလ်ချုပ်​ခင်​ညွှန့် လက်​ထက်​ ဖျက်​ပြီး သမိုင်း​ဖျောက်​ခဲ့ခြင်းဖြစ်​သည်​။ ဖျက်စီးပြီးနောက် […]