Leave a comment

စစ်တွေတွင် ရုတ်ရုတ် သဲသဲဖြစ်ပြီး မွတ်စလင် ဒုက္ခသည် တစ်ဦးသေဆုံး

စစ်တွေ၊ ဇူလိုင် ၎
Myanmar Now

စစ်တွေမြို့ တရားရုံးသို့ သက်သေအဖြစ်လာရောက်သော မွတ်စလင်ဒုက္ခသည်တချို့နှင့် ရခိုင်လူမျိုးများ ယနေ့နေ့လယ်တွင် ပဋိပက္ခဖြစ်ပွားရာ မွတ်စလင်ဒုက္ခသည်တစ်ဦးသေဆုံးကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင်သော ဒုက္ခသည်မွတ်စလင်များမှာ စစ်တွေမြို့ပြင်ရှိ ဒါးပိုင်ဒုက္ခသည်စခန်း မှဖြစ်ကြောင်း၊ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရထားသဖြင့် စစ်တွေဆေးရုံသို့ တင်ပို့ထားကြောင်း၊ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးဝင်နောင်က Myanmar Now ကို အတည်ပြု ပြောကြားသည်။

ညနေ ၅းဝဝ နာရီအချိန် ဖြည့်စွက်ချက် –
—————————————-
စစ်တွေမြို့ အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ် ကျော်မိုးက ဒါးပိုင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးလှမြင့် အပါအဝင် ဒုက္ခသည် တချို့ တရားရုံးသို့ လာရောက်စဉ် လမ်းတွင် စစ်တွေမြို့ခံတချို့နှင့် ထိပ်တိုက်တွေ့ပြီး ရိုက်နှက်ခံခဲ့ ရပြီး ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာ ရခဲ့သည်ဟု Myanmar Now ကို ပြောသည်။
မြို့သူကြီးရပ်ကွက်အနီး ရိုက်နှက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာ ရရှိသူများကို ဆေးရုံတင်ထားရသည်ဟု ဒုရဲအုပ်က ဆက်ပြောသည်။
အခင်းဖြစ်သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် အခြေအနေမှာ စိုးရိမ် စရာ မရှိတော့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ စစ်တွေ ခရိုင် ဥက္ကဋ္ဌ ဦးသင်္ကာကျော်က ပြောသည်။
Ref: Myanmar Now
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: