Leave a comment

ရိုဟင်ဂျာ အရေး​ဖြေရှင်းဖို့​ အပြန်အလှန်ညှိနိုင်း​​ ဆွေးနွေး သွားရမယ်လို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ပြောကြား

ဇူလိုင် ၄၊ ၂၀၁၇ Myanmar Muslim Media

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေပြန်လည်ခေါ်ယူဖို့ ထပ်မံတိုက်တွန်းပြောကြားခဲ့ပြီး ဒီပြသနာ ကိုနှစ် ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုကနေဖြေရှင်းနိုင်မယ်လို့ ၀န်ကြီးချုပ်ရှိတ်ဟာစီနာက အင်္ဂါနေ့ မှာပြောကြား ခဲ့ပါတယ်။

“ပြသနာကိုအပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းသွားမယ်”လို့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဦးသောင်း ထွန်း ကို သူမရုံးမှာတွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာလည်း စစ်တကောင်း တာင်ကုန်း မှာ လည်း ပြသနာတစ်ချို့ရှိတယ်လို့မှတ်ချက်ပြုခဲ့ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းခဲ့ တယ် လို့ သူမ ကပြောကြားခဲ့ပါတယ်။

“လက်ရှိမှာစာရင်းပေးသွင်းထားတဲ့မြန်မာရိုဟင်ဂျာ၃သောင်းရှိပါတယ်။ ဒါပေမယ့် တကယ့်အရေအတွက်က ၄သိန်းလောက်ရှိပြီး မုတ်သုန်ကာလအတွင်းသူတို့ရဲ့ပူဆွေးသောကတွေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။” လို့ ၀န်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့အဆင်သင့်ပဲ”လို့ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့မီဒီယာအတွင်းရေးမှူး အဟ်စနူလ်ကာရင်မ်က တွေ့ဆုံပွဲနောက် သတင်းထောက်တွေ ကို အတိုချုပ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မူးယစ်ဆေးဝါးမှောင်ခို တင်သွင်း မှု တွေ အထူးသဖြင့် ရူးသွပ်စေတဲ့ဆေးလို့ခေါ်တဲ့ ယာဘမူးယစ်ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်က လုံခြုံရေးအကြံပေးကို သတိပေးပြောကြားခဲ့တယ်”လို့ သူကပြောကြားခဲ့ပါတယ်။

“မှောင်ခိုတင်သွင်းမှုတွေကိုတားဆီးသွားတဲ့နေရာမှာ မြန်မာအစိုးရနဲ့ပူးပေါင်းသွားမယ်ဆိုတဲ့အပေါ်မှာ မြန်မာ လုံခြုံရေး အကြံပေးက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားခဲ့တယ်”လို့ ၀န်ကြီးချုပ်ရဲ့ အတွင်းရေး မှူး က ပြောကြားခဲ့ပါတယ်။ “လက်နက်ကိုင်အဖွဲ့တွေနဲ့ သောင်းကျန်းသူတွေက ဘင်္ဂလားဒေ့ရှ် မြေကို အသုံးချပြီး အိမ်နီးချင်းနိုင်ငံတွေကိုထိခိုက်အောင်လုပ်ဆောင်နေမှုတွေကို သူမရဲ့အစိုးရ အဖွဲ့က လုံးဝသည်းခံ သွားမှာ မဟုတ်ဘူး”လို့ ဟာစီနာကထပ်လောင်းပြောကြားခဲ့ပါတယ်။

အစိုးရရဲ့တိုးတက်တဲ့လုပ်ဆောင်မှုဆောင်ရွက်ချက်တွေကိုဖော်ပြပြီး ကျေးလက်ဒေသတွေဖွံဖြိုးတိုးတက်ဖို့ သူမရဲ့ အစိုးရအဖွဲ့ဟာအာရုံစိုက်သွားမယ်လို့ ဟာစီနာကပြောကြားခဲ့ပါတယ်။ ဦးသောင်းထွန်းက သူ့နိုင်ငံရဲ့ လက်ရှိအာရုံစိုက်မှုဟာ ဖွံဖြိုးတိုးတက်မှုကိုဆောင်ရွက်မှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေဖို့ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။

အခြေခံကျတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်။ ဒုက္ခသည်ပြသနာအရေးနဲ့ပတ်သက်ပြီး ပြောကြားတဲ့အချိန်မှာသူကပြောကြားခဲ့ပါတယ်။ မြန်မာ ကငြိမ်း ချမ်းရေး နဲ့ဖွံဖြိုး တိုးတက်မှုလိုချင်ပြီး မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းတွေ ထိန်း သိမ်း သွားမယ်လို့သူကပြောကြားခဲ့ပါတယ်။ “စစ်ဘက် ဆိုင်ရာဆက်ဆံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံးဟာ လုံခြုံရေးအရေးကိစ္စတွေပေါ်မှာ အချက်အ လက်တွေဝေငှ သွားမှာဖြစ်သလို အိမ်နီးချင်းနှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သွားမယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ဓာတ်ငွေ့ရောင်းချမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံး ဟာ ဒီအရေးကိုဆွေးနွေး သွားမယ် လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့အံ့သြစရာကောင်းတဲ့ဖွံဖြိုးတိုးတက်မှုတွေကို ချီးကျူးလိုက်ပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ကိုသူ့ရဲ့ဒုတိယအကြိမ်လည်ပတ်မှုဖြစ်ပြီး အရမ်းကိုဖွံဖြိုးတိုးတက်လာတာကို မြင်တွေ့ခဲ့ ရတာဖြစ် တယ်လို့ ဦးသောင်းထွန်းကပြောကြားခဲ့ပါတယ်။
သဘာဝကပ်ဘေးကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေမှာ ဘင်္ဂလားဒေ့ရှ်ကအောင်မြင်နေပြီး ဒီလိုနယ် ပယ် မှာ ဘင်္ဂလားဒေ့ရှ်ကစံပြဖြစ်တာကြောင့် မြန်မာကဒီအခြေအနေကို အတုယူရမယ်လို့ပြောကြားခဲ့ပါတယ်။
မူရင်း – The Asian Age
ဘာသာပြန် – ညောင်နီရွက်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: