Leave a comment

ဗင်နီဇွဲလား အမျိုးသား ညီလာခံကို လူတစ်စု ကျူးကျော်ပြီး အမတ်များ ကို ရန်ပြုတိုက်ခိုက်

image

ဗင်နီဇွဲလားတွင် အမျိုးသား ညီလာခံ အဆောက် အအုံထဲသို့ လူအချို့က ကျူးကျော် ဝင်ရောက်ကာ လွှတ်တော် အမတ်များကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတိုက်အခံ အင်အားစုများက ချုပ်ကိုင်ထားသည့် အမျိုးသား ညီလာခံ အစည်း အဝေးတစ်ရပ် ကျင်းပ နေချိန်တွင် အစိုးရ ထောက်ခံသူ ၁၀၀ ခန့်က ဝင်ရောက် လာကာ အတိုက်အခံပါတီ အမတ်အချို့ကို ရန်ပြု တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ လွတ် လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးကိစ္စ ဆွေးနွေးနေစဉ် ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဟု အမျိုးသား ညီလာခံ တာဝန်ရှိသူများက ဆိုသည်။

အစိုးရ ထောက်ခံသူများက တုတ်များ၊ သံပိုက်များ ကိုကိုင်ကာ ကျူးကျော် လာချိန်တွင် အဆောက်အအုံကို ယူထားသည့် တပ်ထိန်းများက ရှောင်ပေးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။ ဗင်နီဇွဲလား အစိုးရက ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး သွားမည်ဟု ကြေညာခဲ့သည်။

ရန်ပြုတိုက်ခိုက်ခံရသည့် အခြေအနေကြောင့် အဆောက် အအုံထဲတွင် လူပေါင်း ၃၅၀ မျှ လေးနာရီကြာ ပိတ်မိနေ ခဲ့ကြောင်း အမျိုးသား ညီလာခံ ဥက္ကဋ္ဌက ပြောကြား ခဲ့သည်။ ထိုအချိန်က သတင်းမီဒီယာသမား တစ်ရာ ကျော်၊ အခြားဧည့်သည်များနှင့် လေ့လာရေး လာရောက် သည့် ကျောင်းသူကျောင်းသားများပါ ရှိနေခဲ့သည်။

အမျိုးသား ညီလာခံ ဥက္ကဋ္ဌ ဂျူလီယို ဘောဂက်စ်က အမတ် ၅ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း၊ ယင်းတို့ အနက် အချို့ကို ဆေးရုံသို့ တင်ပို့ခဲ့ ရကြောင်းလည်း ပြောကြား သွားသည်။ ဗင်နီဇွဲလားတွင် စီးပွားရေး အကျပ်အတည်းများကြောင့် နိုင်ငံရေး ပဋိပက္ခများ ပြင်းထန်လာပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဆန့်ကျင် သော အင်အားစုများနှင့် ထောက် ခံသူများကြား ပြဿနာများ ဆိုးရွားလာသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာက ကျင်းပသော ရွေးကောက်ပွဲ အပြီးတွင် ဗင်နီဇွဲလား အမျိုးသား ညီလာခံကို အတိုက် အခံ အင်အားစုများက အသာစီးယူ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုစဉ်ကတည်းက အစိုးရ၏ လုပ် ငန်းစဉ်များကို ဝေဖန် ထောက်ပြသည့် အဓိက ဗဟိုချက်သဖွယ် ရပ်တည် လာ ခဲ့သည်။

Ref: Reuters

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: