Leave a comment

မစ္စယန်ဟီလီ မြန်မာပြည် ခရီးစဉ်နှင့် ကုလ Fact-Finding Mission မပတ်သက်ရန် မြန်မာအစိုးရ သတိပေး

image

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အချက် အလက်ရှာဖွေဖော်ထုတ်ရေး မစ်ရှစ် (Fact-Finding Mission)၏တာဝန်နှင့် လုပ်ပိုင်ခွင့်တွေ မပတ်သက်ရန်   မြန်မာအစိုးရ ယနေ့ ဇူလိုင် ၇ ရက်တွင် သတိပေး ပြော ကြား လိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ သည် မြန်မာနိုင်ငံ သို့ ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ် အဖြစ် ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၂၁ ရက်နေ့အထိ လာရောက်ရန်ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့စွဲဖြင့် သတင်းထုတ် ပြန်ထားသည်။

၎င်းခရီးစဉ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ချမှတ်ခဲ့သည့် အချက် အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission) ၏ လုပ်ပိုင်ခွင့်တာဝန်နှင့် ပတ်သက်ခြင်း မရှိစေရန် လိုအပ်ကြောင်းကို အထူးအစီရင်ခံစာ တင်သွင်းသူအား မြန်မာအစိုးရဘက်မှနေပြီး အကြောင်း ကြားခဲ့သည်။

အဆိုပါအကြောင်းကြားသည့်ကိစ္စနှင့် ပတ်သက်ပြီး  အထူးအစီရင်ခံစာ တင်သွင်းသူက လူ့အခွင့်အရေး ကောင်စီမှ ၎င်းအား အပ်နှင်းသည့် လုပ်ငန်းဘောင် အတွင်းမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ပြီး၊ တိုးတက်မှုအခြေအနေကို အစီရင်ခံခြင်း ကိုသာ ယခင်ခရီးစဉ်များကဲ့သို့ ပြုလုပ်ဆောင်ရွက် မည် ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူသည် ခရီင်္းစဉ်အတွင်း ၎င်း၏မူလလုပ်ငန်း တာဝန်ကိုသာ ဆောင်ရွက်မည်ဟူသော နားလည်မှုဖြင့် ခရီးစဉ်လာ ရောက်ရေးကိစ္စကို လက်ခံထားကြောင်း မြန်မာအစိုးရ ကဆိုသည်။

ခရီးစဉ် အစီအစဉ်အသေးစိတ်ကို နိုင်ငံခြားရေး၊ ကာကွယ် ရေး၊ ပြည်ထဲရေးနှင့် အခြားသက်ဆိုင်သည့် ၀န်ကြီးဌာန များ၊ ပြည်နယ်/တိုင်း ဒေသကြီး အစိုးရများ နှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြပါရှိသည်။

ယင်းအတွက် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ အနေ ဖြင့် Fact-Finding Mission အား ဖွဲ့စည်း စေလွှတ် ရန် ဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် လက်တွေ့ အနေအထားနှင့် ကိုက်ညီမှုမရှိသည့်အပြင် ရခိုင်ပြည် နယ်အတွင်း ကာလရှည်ကြာစွာ ဖြစ်ပေါ် နေ သည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသော ကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်ခံမှု မပြုကြောင်း ကို မြန်မာအစိုးရဘက်က တရားဝင် ကြေညာ ထားပြီးဖြစ် သည်။

စိုင်းဟန်
The Ladies News

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: