Leave a comment

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိသေးရင် ချီးကျူးခံရမဲ့ စစ်သားကောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

image

image

အခုတလော လေကာ (လေကြောင်းရန်ကာကွယ် ရေးတပ်) တွေက အရာရှိစစ်သည်တွေ သူတို့တပ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအကြောင်း ကို တော်တော် လေး ချီးကျူးပြော ဆိုနေကြတာ သတိထားမိကြမယ် ထင်ပါတယ်။ အင်မတန် စစ်သားပီသပြီး အဂတိတရား ကင်းရှင်းတဲ့ အာဏာအလွဲသုံးစားမလုပ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်တယ် လို့ကြားရတော့ သာဓုခေါ်မိ ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတပ်ရင်းမှူးဘဝက တစ်ရက် ရုံးခန်းတစ်ခုဘေးက လမ်းလျှောက်လာရင်း တပ်ခွဲမှူး ဗိုလ်မှူးနှစ်ယောက် စကားပြောသံကြားလို့ နားစွင့်ကြည့် လိုက်တယ်။

“သူငယ်ချင်း စစ်တပ်မှာ တပ်ရင်းမှူး တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမှ မရှိရင် အဲဒီတပ်ရင်မှူး တော်တော် အသုံး မကျတာလို့ ပြောရမှာပဲကွ။” ဆိုတဲ့ စကားသံ ကိုကြားလိုက်ရတယ်။

“အေး…ဟုတ်တယ်သူငယ်ချင်း၊ တပ်ရင်းမှူးတစ်ယောက် ဖြစ်မှတော့ ကိုယ်ပိုင်အိမ်လေး၊ ကားလေးတော့ ရှိသင့်တာပေါ့ကွာ။” လို့ ကျန်တဲ့တစ်ယောက်က ထောက်ခံပြောဆို ပါတယ်။

သူတို့နှစ်ယောက်စကားသံတွေကိုကြားလိုက်ရတဲ့ အဲဒီအချိန်က တပ်ရင်းမှူးဒုတိယဗိုလ် မှူးကြီး စိန်ဝင်းဟာ အံ့သြခြင်းကြီးများစွာနဲ့ စိတ်မကောင်းဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ စစ်သားဆိုတော့ စိတ်လည်းတိုသွားတာပေါ့။

ဒါနဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ အဲဒီ အရာရှိ နှစ်ယောက်ကို သူ့ရုံးခန်းခေါ် ပြီး ဆုံးမစကား ပြောပါတယ်။

“အေး…ငါဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားပီသစွာပဲ အလုပ်လုပ်တယ်။ မင်းတို့ပြောတဲ့ အိမ်တွေ၊ ကားတွေ ငါ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့ နေနေသာသာကွာ၊ အတွေးထဲမှာတောင်မရှိဘူး။ စစ်သားဆိုတာ ကုန်သည်ပွဲစားမဟုတ်ဘူးကွ၊ ဘာဖြစ်ရင် ဘယ်လိုနေရမယ်ဆိုပြီး ဈေးတွက်တွက်လို့မရဘူး။ စစ်သားဟာ စစ်သားပီသအောင်နေ မှသာ သိက္ခာရှိတဲ့ စစ်သား ဖြစ်တော့မပေါ့။ မင်းတို့လည်း စစ်သားတွေဆိုရင် စစ်သား ဆန်ဆန်တွေး၊ စစ်သားဆန်ဆန်စဉ်းစား၊ မဟုတ်တမ်းတရားလုပ်ပြီး ချမ်းသာဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။” လို့ ပြောဆိုဆုံးမပါတယ်။

ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ ဗိုလ်ချုပ်ဖြစ်တဲ့အထိ သူပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ် ။ နောက်ပိုင်း မနေနိုင်တဲ့ စီးပွားရေးပြေလည် နေတဲ့ တပည့် တပန်းဟောင်း တချို့က ပံ့ပိုးလို့ နိုင်ငံတော်က ပေးတဲ့မြေကွက်လေးမှာ အိမ်လေးတစ်လုံးဆောက်ထားတယ်လို့ သိရပါတယ်။

အခုဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တဲ့သူက တပည့်တွေ နဲ့တွေ့တော့ သူ့အိမ်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကား တွေကလည်း နှောင်းဗိုလ်ချုပ်များအတုယူသင့်တဲ့စကား တွေဖြစ်ပါတယ်။

“ကဲ ငါအိမ်ရှိပြီကွာ။  ဒ.ါ…ငါ့အိမ်ပဲဆိုပါတော့ အိမ် ဆောက် ပြီး တဲ့ကာလ ၃နှစ်အတွင်းမှာ ငါဒီအိမ် လေးမှာ ၂ရက်ပဲ အိပ်ဖူးသေး တယ်။ ၃ရက်မြောက်မအိပ်ခင် ငါ သေရင် လည်းသေသွားနိုင်တာပဲကွ။ ဒါဆိုရင် ပိုင်ဆိုင်မှု ဆိုတာ ဘဝမှာ အရေးပါလို့လား။ လူဆို တာ ကွေးသော လက်မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်ချည်း သေသွား နိုင်တာပဲ။ ဒါ့ကြောင့် အလိုရမ္မက်မကြီးနဲ့။ ကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်း အလုပ် က စစ်သားအလုပ်ပဲ။ ဒီတော့ ကိုယ့်အသက်မွေး ဝမ်းကျောင်းအလုပ်ကိုပဲ သေသေ ချာချာ အားထည့်ပြီး စနစ်တကျလုပ်။ မဆိုင်တဲ့ စီးပွားရေးအလုပ်တွေ မတရားရှာဖွေရတဲ့ အလုပ်တွေကို စိတ်မဝင်စားနဲ့။” လို့ သူက တပည့်တွေကိုပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်စစ်လာတဲ့အခါမှာ လည်း ငါးဟင်းနဲ့သာထမင်း စားလေ့ရှိပြီး အစား အသောက် နဲ့ပတ်သက်လို့ ဇီဇာမကြောင်ဘူး ဆိုတာ လည်း လေကာ လောကအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

ပြီးတော့ တပ်မတော်မှာ ထူးခြားတယ်လို့ပြောရမယ့်ကိစ္စ ကတော့ တပ်စစ်ဆေး ပြီး ပြန်ခါနီးကျရင် သူ့ကိုဧည့်ခံ ကျွေးမွေးတဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ တပ်ရင်းမှူး ကို အမြဲလိုလို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူ့ကြောင့် အောက်က တပ်ရင်းတွေကို ဝန်မပိစေချင်တဲ့သဘောပါ။ (လေးစားလိုက်တာ အဘရေ၊ ကျွန်တော်တို့ကြုံဖူးတဲ့ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ ကတော့ ပေးတာ ယူ၊ ကျွေးတာစား၊ တိုက်တာသောက်ပြီး အော်ဟစ်ငေါက်ငမ်းပြန် သွားကြ တာ ချည်းပါပဲ။)

သူဟာ မနက် ၄နာရီခွဲ ပုံမှန်ထပြီး လမ်းလျှောက်လေ့ရှိပြီး လမ်းလျှောက်ရင်း ဘုရားစာဆို၊ ပရိတ်/ပဌာန်းရွတ်၊ မေတ္တာပို့ အမျှဝေ လေ့ရှိတယ်လို့လည်း သိရပါတယ်။

ညဘက်တွေမှာ သူ့ဆီကို ဂျင်းသုပ်သွားပို့တဲ့အချိန်တိုင်း မှာလည်း ဂျင်းသုပ်လာပို့တဲ့ အရာရှိငယ်လေးတွေကို ကြည်သာရွှင်ပျတဲ့ မျက်နှာထားနဲ့ “အေး..  အေးကွာ  ကျေးဇူးတင်ပါတယ်။” လို့ မပျက်မကွက် အလေးထား ပြောလေ့ရှိ ပါတယ်။ အသေးအဖွဲလေးက အစ လက်အောက်ငယ်သားရဲ့ activity လုပ်ရပ်အပေါ် အသိအမှတ်ပြုကြောင်းပြသတာပါ။ ဒါဟာ လူကြီး လူကောင်းဆန်တဲ့ စာနာစိတ်ရှိတဲ့ သူတွေရဲ့ အပြုအမူပါ။

“အဘ ဦးစိန်ဝင်းက ကားကို ထုတ်ပေးတဲ့ ဓါတ်ဆီပိုတာ ပြန်အပ်တယ်။ သသန မှာတုန်း က ညနေတိုင်း အရာရှိ တွေ Fatigue လုပ်ရင် သူ့အတွက်မြက်ပေါက်စရာ ဧရိယာ တစ် ကွက်ပေး ရတယ်.။(အဲဒီတုန်းက ဗိုလ်ချုပ် နော်) ကိုယ်တိုင်မြက်ပေါက်တယ်.။ သူ့အိမ်မှာ တပ် ထောက် က သစ်သားဆက်တီပဲရှိတယ်။ သားသမီးတွေကိုလည်း အင်မတန် ထိန်းသိမ်းတာတော် တယ်။ သူ့သား သမီးတွေက အဝတ်အစား အလန်းကြီး တွေ မဝတ် ဘူး သပ်သပ်ရပ်ရပ်နဲ့ ယဉ် ယဉ်ကျေးကျေး မွန်မွန်ရည်ရည်နဲ့ စာကြိုးစား တယ်။ လေကြောင်းရန်အရာရှိချုပ်ဖြစ်လာတော့ တပ်စစ်သွားရင် ခြေလှမ်း ကျဲကြီးတွေ နဲ့နောက်က PSO က ပြေးလိုက်ရ တယ်။ ခုချိန်ထိ ဗိုက်မထွက်၊ အရပ်ကလည်း အမြင့်ကြီး ပါ။ တကယ်ရှာမှရှားတဲ့ လူမှန်ကြီးပါ။” လို့ လေကြောင်း ရန် ကာကွယ်ရေး တပ်က အရာရှိ တစ်ဦးက ပြောပါ တယ်။

အရာရှိတွေ Fatigue လုပ်ရတယ်ကြားလို့ ကျွန်တော် တော့ တော်တော်လေး အံ့သြသွား ပါတယ်။ နိုင်ငံတကာ မှာတော့ အထူးသဖြင့် ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အရာရှိရော အခြားအဆင့်ပါ Fatigue လုပ်ရတာမရှိ ပါဘူး။ အဲဒီအလုပ်တွေလုပ်ဖို့  အရပ်သားဝန်ထမ်းတွေ ခန့်ထားပါတယ်။

ကျွန်တော်တို့တပ်မတော်မှာကတော့ ကျွန်တော်တို့ အဖေလက်ထက် ရိုင်ဖယ်ခေတ်မှာ အရာရှိတွေ Fatigue လုပ်/ မလုပ်မသိရ ပေမဲ့ ကျွန်တော်တို့ G3 ခေတ်မှာတော့ ဘယ် အရာရှိမှ Fatigue လုပ်တာမတွေ့ဖူးပါဘူး။ ဒါတွေအားလုံး အခြားအဆင့် စစ်သည် တွေ ရဲ့တာဝန်ချည်းပါပဲ။

ဒါ့ကြောင့် ဒီဘက်ခေတ်အရာရှိတွေကို ကျွန်တော်ပို အထင် ကြီးပါတယ်။ စုန်းပြူးနည်းနည်း ပါးပါးတော့ ဘယ်နေရာမဆိုရှိစမြဲပေါ့။ အရာရှိကိုယ်တိုင်ကင်းစောင့်ရတယ်၊ ပွိုင့်ပြေး ရတယ်၊ ထမင်းချက်ရတယ်ဆိုတာ ဒီဘက်ခေတ်အရာရှိတွေမှသာ ကြုံရတဲ့ ထူးခြား တဲ့ အတွေ့အကြုံပါ။ စစ်သည်နည်းလို့ဆိုပေမဲ့ ဒါကိုလည်း အရာရှိတွေ ဗျူရိုကရက် စိတ်လျော့ ပါးလာအောင် ကာချုပ်က စီမံထား သလားလို့တောင်တွေးနေမိပါတယ်။

ဘာပဲဖြစ်ဖြစ် သူများတွေအဆိုးမြင်ချင်မြင်ပေမဲ့ ကျွန်တော် ကတော့ အကောင်းမြင် ပါ တယ်။ မြန်မာ့တပ် မတော်ဟာ တဖြည်းဖြည်း နဲ့ အကောင်း ဘက်ကိုပြောင်း လာမှာပါ။

အာဏာအလွဲသုံးစားလုပ်တဲ့ အရာရှိတွေကိုလည်း ထိုက်သင့် သလို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ် လို့ထင်ပါတယ်။

ကျွန်တော့်စစ်သက်တစ်လျှောက်လုံးမှာရော အပြင် လောက မှာပါ ဦးနေဝင်းကလွဲလို့ ဘယ်အရာရှိကိုမှ အဘလို့ မခေါ်ခဲ့ဖူးပါ။

အခုလို ကျက်သရေမင်္ဂလာရှိတဲ့ သတင်းမျိုးကြား ရတဲ့အတွက် တပ်မတော်ကြည်း ၊ လေကြောင်း ရန်ကာကွယ်ရေးတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို ရိုသေလေးစားစွာ နဲ့ “အဘ” လို့ ရင်ထဲကလှိုက်လှိုက် လှဲလှဲခေါ်ဆို အလေးပြုလိုက်ရပါကြောင်း…။

ရဲကျော်သူရ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: