Leave a comment

လက်​ရှိအစိုးရ လုပ်​​ဆောင်​ချက်​များသည်​ ယခင်​အစိုးရနှင့် ကွာခြားမှု မရှိဟု မစ္စယန်​ဟီးလီ ပြော

image

image

ရန်​ကုန်​ ဇူလိုင်​ ၂၁

လက်​ရှိ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အစိုးရလက်​ထက်​လုပ်​​ဆောင်​ချက်​များသည်​ ယခင်​အစိုးရနှင့် ကွာခြားမှု မရှိ​ကြောင်း ကုလသမဂ္ဂ၏ မြန်​မာနိုင်​ငံ လူ့အခွင့်​​ရေး အ​ခြေအ​နေဆိုင်​ရာ အထူး အစီရင်​ခံစာတင်​သွင်းသူ မစ္စယန်​ဟီးလီကယနေ့(ဇူလိုင်​ ၂၁ရက်​​)ည​နေပိုင်းက ချက်ထရီယံ ဟိုတယ်​တွင်​ကျင်းပပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲ တွင်​ ​ပြောကြားခဲ့သည်​။

“ဒီအစိုးရလက်ထက်မှာ ကျွန်​မ ၃ခါရှိပြီ ဒီကိုလာတာ။ ဘာမှထူးခြားလာတာ သိပ်​မရှိဘူး။အရင်​အစိုးရတုန်းက လုပ်​​ဆောင်​ချက်​​တွေ နဲ့ ဒီအစိုးရလုပ်​​ဆောင်​ချက်​​တွေ သိပ်​တော့မကွာခြားပါဘူး။အကန့်​အသတ်​၊ ပိတ်​ပင်​မှု​တွေအရင်​အတိုင်း ရှိတုန်းပါပဲ။ ဒီခရီးစဉ်​နဲ့ ပတ်​သတ်​ပြီး ​ကျေနပ်​မှု သိပ်​မရှိပါဘူး”ဟု၎င်းကဆိုသည်​။

၎င်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်​မာနိုင်​ငံ ခရီးစဉ်အဖြစ် ၁၀-၇-၂၀၁၇ ရက်နေ့မှ ၂၁-၇-၂၀၁၇ ရက်နေ့အထိ လာရောက်သည့်​ ခရီးစဉ်အတွင်း ရန်ကုန်မြို့မှ ရခိုင်ပြည် နယ် ဘူးသီးတောင် – မောင်တော၊ ရှမ်းပြည်နယ် လားရှိုး မြို့၊ နမ္မတူမြို့၊ ကရင်ပြည်နယ်  ဘားအံမြို့၊ နေပြည်တော် တို့ ကိုသွားရောက်ခဲ့ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီး များ နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့​ကြောင်း သိရသည်​။

ခရီးစဉ်ကာလအတွင်း  ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်- မောင်တော မြို့၊ လားရှိုးအကျဉ်းထောင်၊စစ်ဘေးရှောင် စခန်းများ၊ ကရင်ပြည်နယ် မြိုင်ကလေး စက်ရုံ တို့ကို သွားရောက် လေ့လာခဲ့သည်။

ထို့အပြင် ပြည်ထောင်စု အဆင့်ရှိ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းခရီးစဉ်​နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ မြန်​မာနိုင်​ငံ လူ့အခွင့်အရေးအခြေအ​နေဆိုင်​ရာ အထူး အစီရင်​ခံစာကို ၂၀၁၇ ခုနှစ်​ စက်​တင်​ဘာလတွင်​ နှုတ်​ဖြင့်​တင်​သွင်း​မည်​ဖြစ်​ပြီး ၂၀၁၈ ခုနှစ်​ မတ်​လတွင်​ စာဖြင့်​ တင်​သွင်းရမည်​ဖြစ်​​ကြောင်းမစ္စယန်​ဟီးလီကဆိုသည်​။

ဓာတ်​ပုံ ​- ကျော်​ကျော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: