Leave a comment

လူ့အခွင့် အရေး မတိုးတက် မချင်း မြန်မာ ကို ဆက်လက် စောင့်ကြည့် မည်ဟု ယန်ဟီးလီေ ပြော

ဇူလိုင် ၂၅၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နေ့ချင်းညချင်း ဖြစ်လာဖို့ ဘယ်သူကမှ မျှော်လင့်မထားပေမယ့် လူ့အခွင့်အရေးမှာတော့ အမှန်တကယ် တိုးတက်မှုတွေ ရှိရမယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက မနေ့က OHCHR ကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက် မှာ ပြောကြား ခဲ့ပါ တယ်။
“အရင်အစိုးရက ချမှတ်ခဲ့တဲ့ နည်းလမ်းတွေကို ဆက်လက်အသုံးပြုနေတာကို မြင်ရတဲ့အတွက် စိတ်ပျက်ရ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ နေ့ချင်းညချင်း ဖြစ်လာမယ်လို့ မမျှော်လင့်ဖို့ ကျွန်မ တို့ကိုပြော တယ်ရှင့်။ အဲဒီလိုပဲ ကုလရဲ့ အနီးကပ်စောင့်ကြည့်မှု၊ အထူးလေ့လာရေး လုပ်ငန်းတွေကို နေ့ချင်း ညချင်း ရပ်ပစ်လိုက်မယ်ဆိုပြီး မြန်မာနိုင်ငံက မျှော်လင့်မထားဖို့ လိုပါတယ်။ လူ့အခွင့်အရေးမှာ စစ်မှန်တဲ့ တိုးတက်မှုတွေကို မမြင်ရမချင်း ဒီလိုစောင့်ကြည့်မှုတွေက ဆက်ရှိသွားမှာပါ” လို့ ယန်းဟီလီက တုန့်ပြန် ခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေဟာ တိုင်းပြည်ရဲ့ ‘လုံခြုံရေးအခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုကို ဘေးချိတ်ထားတယ်’ လို့လည်း သူမက ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယန်းဟီးလီဟာ မြန်မာနိုင်ငံကို မကြာသေးခင်ကပဲ ၁၂ ရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့ ပါတယ်။ သူမဟာ အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့အခြေအနေနဲ့ပတ်သက်လို့ သူမအနေနဲ့ စိုးရိမ်မိပြီး အစိုးရဲ့ လုံခြုံရေးဆောင် ရွက်မှုဟာ ရခိုင်တွေအတွက်သာကမဘဲ မွတ်စလင်လူ့အဖွဲ့အစည်းတွေအတွက်လည်း ဆောင်ရွက်ပေး ရ မယ်လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး အရပ်သားတွေဟာ လိုအပ်တဲ့ အထောက်အပံ့တွေကို မရဘူးလို သတင်းတွေထွက်နေတဲ့ ရှမ်းပြည်နယ်က အခြေအနေတွေအတွက် တုန်လှုပ်ရတယ်လို့လည်း သူမက ဆိုပါတယ်။
“လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ လူသားတံတိုင်းအဖြစ် အသုံးချမှုတွေတောင် ရှိတယ်ဆိုတဲ့ သတင်းတွေကြားရပြီး ဒီကိစ္စတွေကို သတင်းပို့ရင် နောက်ထပ် ညှင်းပမ်းမှုတွေ ထပ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိကြောင်းလည်း ကျွန်မ သိရပါတယ်”
သူမရဲ့ ခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေက ဟန့်တားတဲ့လုပ်ရပ်အတွက် ယန်ဟီးလီက ဝေဖန်ခဲ့ပြီး အထူး စီးပွားရေးဇုန် ဆောက်မယ့်ကိစ္စအတွက် လယ်သမားတွေဆီက လယ်မြေတွေ မတရားသိမ်တဲ့ကိစ္စကိုလည်း ထောက်ပြခဲ့ပါတယ်။
အခုခရီးစဉ်မှာ သူမရဲ့တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ကုလအထွေထွေညီလာခံမှာ ယန်းဟီးလီက အစီရင်ခံစာတင်သွင်းဖို့ ရှိနေပါတယ်။
Ref: UN.org
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: