Leave a comment

အနှစ် 20 အတွင်း ဆီထပ်ဖြည့်ရန် မလိုတဲ့ ပေါင် 9.9 ဘီလီယံတန် လေယာဉ်တင် သင်္ဘော

July 25, 2017
အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်ဟာ ဆောက်လုပ်မှုတွေ အပြီးသတ်နိုင်ခဲ့ပြီဖြစ်တဲ့ အမေရိကန်  လေယာဉ်တင် သင်္ဘောအသစ်ကို ကမ္ဘာကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ် တင် သင်္ဘောအသစ်ဟာ တန်ချိန် 1 သိန်း အလေးချိန်ရှိပြီး၊ ပေါင် 9.9 ဘီလီယံကုန်ကျခဲ့ပြီး၊ အနှစ် 20 အတွင်း ဆီထပ်ဖြည့်စရာမလိုပဲ၊ ဆက်တိုက်ခုတ်မောင်းနိုင်ကြောင်း၊ သိရပါတယ်။
သင်္ဘောကြီးရဲ့အမည်မှာ  USS Gerald R Ford ဖြစ်ပြီး၊ အဆိုပါ သင်္ဘောပေါ်မှာ သမ္မတထရမ့် ပြောခဲ့တဲ့ မိန်းခွန်းကတော့ ” ကျနော် ဒီသင်္ဘောပေါ်ကို သမ္မတတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်နဲ့ အညီ ရောက်လာခဲ့ တာပါ .. ဘုရားသခင်က ကောင်းချီးပေးပြီး၊ ကျနော်တို့အားလုံး သူမ(သင်္ဘော)နဲ့အတူ ရွက်လွှင့်တဲ့အခါ လမ်းညွှန်မှု ပေးသနားပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ် “လို့ ပြောခဲ့ပါတယ်။
အဆိုပါ သင်္ဘောကို အမေရိကန်၏ 38 ဆက်မြောက် သမ္မတ Gerald Rudolph Ford ရဲ့ အမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာ ဖြစ်ပြီး၊ ဗာဂျီးနီယားပြည်နယ်ဆိပ်ကမ်း နော့ခ်ဖော့ခ်မှာ ပထမဆုံး ရေချမှု ပြုလုပ်ခဲ့တာပါ။ သင်္ဘော ရဲ့ စပွန်ဆာကတော့ ကယ်လွန်ခဲ့ပြီဖြစ်တဲ့ အမေရိကန်သမ္မတ Ford ရဲ့ သမီး Susan Ford Bales ဖြစ်ပါ
ထရမ့်က ” ဒီသင်္ဘောပေါ်ရဲ့အမည်ဟာ သမ္မတကြီး Ford ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပုဒ်ရဲ့ တစ်စိတ် တဒေသ သာ ဖြစ်ပါတယ် … ကျနော် လေးလေးစားစားနဲ့ ဂုဏ်ယူစွာ ပန်ကြားရရင် ဟောဒီ သင်္ဘောကြီးပေါ်က ၀န်ထမ်းတွေ၊ တပ်သားတွေ၊ အရာရှိတွေနဲ့အတူ သူမကို သက်ဝင်လှုပ်ရှားပါစေကြောင်း  “လို့ ပြောခဲ့ပါတယ်။
ထရမ့်က ဆက်လက်ပြီး “ဒီသင်္ဘောဟာ အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံးတွေထဲက တစ်ခုပါဘဲ .. အခုဆို ရန်သူတွေက တုန်လှုပ်နေပြီဆိုတာ သေချာပါတယ် .. “ဟု ပြေားကြားခဲ့ပါတယ်။ USS Gerald R Ford သင်္ဘောကို 2009 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ 2015 ခုနှစ် စက်တင်ဘာလမှာ ကုန်ကျငွေ ပေါင် 8 ဘီလီယံနဲ့ အပြီးတည်ဆောက်နိုင်မယ်လို့ ကနဦး ခန့်မှန်းခဲ့ကြပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: