Leave a comment

မဘသအဖွဲ့သည် ဥပဒေမဲ့ အဖွဲ့သာဖြစ်ကြောင်း မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော် မိန့်ကြားပြီ

image

မဘသအဖွဲ့ကြီးသည် သံဃာ့စည်းမျဉ်း ဥပဒေများ၌ ခွင့်ပြုချက်မရှိဘဲ ဖွဲ့စည်းထားခြင်းကြောင့် ဥပဒေမဲ့ အဖွဲ့ကြီးတစ်ခုသာဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဋ္ဌ ဆရာတော် ဗန်းမော် ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသက The Voice သို့ မိန့်ကြား သည်။

၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ သာသနာရေး ဦးစီးဌာနတွင် စာရင်းဝင်သော သံဃာ့ဂိုဏ်များဖြစ်သော သုဓမ္မ၊ ရွေကျင်ဂိုဏ်း၊ ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ၊ ဓမ္မဝိနယာ နုလောမ မူလဒွါရနိကာယ၊ အနောက် ချောင်း ဒွါရ ဂိုဏ်း၊ ဝေဠုဝန် နိကာယဂိုဏ်း၊ စတုဘုမ္မိက မဟာ သတိ ပဋ္ဌာန် ငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း စသည့် သံဃာ့ အဖွဲ့အစည်း ကိုးဂိုဏ်းသာ ခွင့်ပြုထားပြီး ထပ်မံ ဖွဲ့စည်းသည့်အဖွဲ့သည် ဥပဒေမဲ့ အဖွဲ့သာဖြစ်ကြောင်း မဟနဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားသည်။

“ဘုန်းတော်ကြီး ဥပဒေရှိတာက အဖွဲ့ကြီးကိုးဖွဲ့ အပြင် ဘက် က အဖွဲ့မတိုးရဆိုတဲ့ ဥပဒေရှိတယ်။ မဘသ ဖွဲ့လိုက်ရင် ၁၀ ဖွဲ့ ဖြစ်သွားမယ်။ ထို့ကြောင့် ဥပဒေ မရှိဘဲ ဖွဲ့စည်းထားခြင်းကြောင့် ဥပဒေမဲ့ အဖွဲ့လို့ ပြောတာပါ”ဟု ဗန်းမော် ဆရာတော်ကြီးက မိန့်သည်။

လက်ရှိအချိန်၌ မဘသအဖွဲ့ကို တရားဝင်အဖွဲ့အဖြစ် ဖွဲ့စည်းခွင့်ပေးလိုက်ပါက ထပ်မံ၍ သံဃာအဖွဲ့များ တိုးပွားလာနိုင်သောကြောင့် မဘသအဖွဲ့ကို လက်မခံရ ခြင်း ဖြစ်ကြောင်း မဟန အဖွဲ့ထံမှ သိရသည်။

“သံဃာဂိုဏ်း ကိုးဂိုဏ်းကပဲ တရား ဝင်တာပါ။ ကျန်တဲ့ ဂိုဏ်းတွေကို ဖွဲ့ခွင့် မပေးပါဘူး။ ကြိုတင်ကာကွယ် တဲ့အနေနဲ့ ဆောင်ရွက်ရတာ ဖြစ်တယ်”ဟု ဗန်းမော် ဆရာတော်ကြီးက ဆက်လက် ရှင်းပြသည်။

လက်ရှိအချိန်၌ ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသ ကြီး အတွင်းရှိ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မဟနက ညွှန်ကြားထားသော်လည်း လိုက်နာခြင်း မရှိသောကြောင့် အာဏာပိုင်အဖွဲ့များမှ တည်ဆဲ ဥပဒေဖြင့် အရေးယူရန် အာဏာစက်သို့ လွှဲပြောင်းပေး ထားကြောင်း မဟန ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက မိန့်ကြားသည်။

“မန္တလေး မဘသ ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္ကာ ဘိဝံသက အစိုးရက အာဏာစက်ဖြင့် မဘသ ဆိုင်းဘုတ် တွေ ဖယ်ရှားမယ်ဆိုရင်လည်း ဘုန်းကြီးတို့ရဲ့ ထုတ်ပြန် ချက် တွေအတိုင်း ဆက်လက် ရပ်တည်သွားမှာပါ”ဟု မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန)သည် မြန်မာနိုင်ငံအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်၌ နောက်ဆုံးထား အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ ညွှန်ကြားခဲ့သည်။

မဟန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ရဟန်း ဖြစ်လျှင် သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဖြစ်လျှင် တည်ဆဲ ဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

Source: The Voice

ZN.H

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: