Leave a comment

အမေရိကန် ပေးတဲ့ အကူအညီ မြန်မာ စနစ်တကျ သုံးစွဲခြင်းမရှိ

မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ ထောက်ပံ့မှုတွေကို လူ့အခွင့်ရေးချိုးဖေါက်သူတွေနဲ့ အမေရိကန်အစိုးရက ပိတ်ပင်အရေးယူထားတဲ့ အဖွဲ့အစည်းတွေလက်ထဲ ရောက်ရှိခြင်းမရှိအောင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ (USAID- US Agency for International Development) နဲ့  နိုင်ငံခြားရေးဌာနတွေ အနေနဲ့ အခုထက်ပိုမိုပြီး စောင့်ကြပ်စစ်ဆေးဖို့လိုအပ်တယ်လို့ (GAO- Government Accountability Office) ခေါ် အစိုးရစာရင်းစစ်ဌာနက ပြောကြား လိုက်ပါတယ်။

အမေရိကန်အစိုးရစာရင်းစစ်ဌာန GAO ရဲ့ သောကြာနေ့ အစီရင်ခံစာမှာ USAID နဲ့ နိုင်ငံခြားရေး ဌာန ၂ ခုလုံးအနေနဲ့ မိမိတို့နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ NGO လို အဖွဲ့တွေရဲ့ ဆောင်ရွက်ပုံကို ပိုမိုစောင့်ကြည့်ဖို့ အကြံပြုတင်ပြ ထားပါတယ်။

အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေရယူနေတဲ့ မြန်မာပြည်က အဖွဲ့အစည်းတွေကို  GAO က တွေ့ဆုံ မေးမြန်းခဲ့ရာမှာ သူတို့ရဲ့လုပ်ငန်းတွေကို စည်းကမ်းတကျ တာဝန်ယူဆောင်ရွက်တာ မတွေ့ရသလို လုပ်ထုံး လုပ်နည်း တွေကို အသေအချာ လိုက်နာဖို့လိုအပ်ကြောင်း အလေးအနက်ထားပုံလည်း မတွေ့ခဲ့ရဘူးလို့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

၂ဝ၁၂ ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ကူညီတဲ့အနေနဲ့ ဒီမိုကရေစီ အဖွဲ့အစည်း တွေ ခိုင်မာအားကောင်းအောင် အမေရိကန်ပြည်ထောင်စု က ဒေါ်လာ ၁၁၃ သန်း ထောက်ပံ့ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: