Archive | August 14, 2017

You are browsing the site archives by date.

မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီ ၏ ဟောပြောပွဲ တွင် လူတစ်ချို့က ဆူပူနှောက်ယှက်

သြဂုတ် ၁၄၊ ၂၀၁၇ M-Media – ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချရန် အစီအစဉ်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဦးဆောင်သော ယမန်နေ့ ဆွေးနွေးပွဲတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွာားခဲ့သည်ဟု သိရသည်။ ကွာလာလမ်ပူမြို့ဆင်ခြေဖုံး ရှားအလမ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲမှာ နာဂျစ်အစိုးရ ရင်ဆိုင်နေ ရသော ဘဏ္ဍာရေးပြဿနာများကို မီးမောင်းထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ပြီး မိနစ် ၉၀ အကြာ တွင် လူတစ်ချို့မှာ ဖိနပ်များ၊ ပုလင်းများ၊ ထိုင်ခုံများဖြင့် မဟာသီယာအား ပစ်ပေါက်ခဲ့သည်ဟု ပွဲစီစဉ်သူ ဆယဒ် ဆာဒစ် ဆယဒ် အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။ ထို့ပြင် ထိုသူများမှာ မီးကျည်များလည်း ပစ်လွှတ်ခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအကြား ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ အသက် […]

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နှင်ထုတ်ရန် ရခိုင်တွင် ဆန္ဒပြ

 သြဂုတ် ၁၄၊ ၂၀၁၇ M-Media – ရိုဟင်ဂျာစစ်သွေးကြွတွေကို ထောက်ပံ့ကူညီပေးနေတယ်လို့ စွပ်စွဲကာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို ဆန့်ကျင်တဲ့ ရခိုင်ပြည်နယ်က မနေ့ကဆန္ဒပြမှုမှာ ဗုဒ္ဓဘာသာဝင် ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။ ပြည်နယ်မြို့တော် စစ်တွေအပါအ၀င် ရခိုင်ပြည်နယ်တစ်ဝှမ်းက မြို့ပေါင်း ၁၅ မြို့လောက်မှာ ဘုန်းကြီးတွေ နဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဆန္ဒပြခဲ့ကြပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ ချက်ခြင်း ထွက် သွားဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြသူတွေကို ဦးဆောင်သူလို့ သူ့ကိုယ်သူဆိုတဲ့ ဦးဌေးအောင်က ပြောကြား ခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေ ရတဲ့အထိ ဆန္ဒပြပွဲတွေ ထပ်ပြီး ပြုလုပ်သွားမှာပါ။ အစိုးရက မလုပ်ပေး ရင်တော့ ဒါဟာ သူတို့တာဝန်ပါပဲ” ဇူလိုင်လအတွင်း ပြည်နယ်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ၇ ဦး […]

မောင်တော အကြမ်းဖက်မှု ကိုနှိမ်နင်းဖို့ ရဟတ် ယာဉ်နဲ့ သံချပ်ကာ ကားတွေ အသုံးပြုမယ်

2017-08-14 ရခိုင်ပြည်နယ်မှာ အစိုးရရဲ့လုံခြုံရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ဆရာတော်ကြီး ၁၁ ပါးနဲ့ သြဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နှိမ်နင်းနိုင်ဖို့ တပ်မတော်က ရဟတ်ယာဉ်နဲ့ သံချပ်ကာကားတွေကိုပါ အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ စစ်တွေမြို့က ဆရာတော်ကြီး ၁၁ ပါးနဲ့ ဒီနေ့ မနက်က တွေ့ဆုံစဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အခုလို လျှောက်ထားခဲ့တာလို့ တွေ့ဆုံစဉ်မှာ ပါဝင်တဲ့ ရွှေစေတီဆရာတော် အရှင်အရိယဝံသက RFA ကို မိန့်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစိုးရရဲ့လုံခြုံရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး […]

АUЅTRАLIА ТАKЕЅ HUGЕ ЅTАND FОR АMERICА … PUTЅ NОRTH КОREА ОN NОTICЕ

While the world watches and waits to see the next moves made by Washington and North Korea, other world leaders are setting the table for what could end up a conflict, or worse, a full-on war. Our dear friends down under just stunned the world with one epic statement about defending the United States and […]

မြန်မာနိုင်ငံက ဘာမြူဒါ (သို့) မြန်မာ့ ပြန်လမ်းမဲ့ ရေကန်

ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။ အဓိက ကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေ အစအနမကျန်ပဲ ပျောက်ပျောက် သွား တတ် လို့ပါပဲ။ ဘာမြူဒါတြိဂံလိုပဲ နေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင် ပါတယ်။ ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။ ဒေသခံတွေကတော့ ဒီကန်ကို သူတို့ ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒိုလမ်းမကြီး (သို့) အိန္ဒိယ-တရုတ်-မြန်မာ […]