Archive | August 23, 2017

You are browsing the site archives by date.

မြေသိမ်း ခံရသူများကို တရား ပြန်စွဲသည့် ကိစ္စ လွှတ်တော် ဥက္ကဌ ပြင်းပြင်း ထန်ထန် ဝေဖန်

မင်းမင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) နေပြည်တော်(ဩဂုတ် ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာစကားပုံအရ “မိအေး နှစ်ခါနာ” ဆိုသကဲ့သို့ မြေသိမ်းခံရသူများကိုယ်တိုင် တရားပြန်စွဲခံရပြီး တရားရုံးများတွင် အမှုရင်ဆိုင်နေရခြင်းသည် မှန်ကန်၊ မျှတသည့် စည်းမျဉ်းစည်းကမ်း မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဝေဖန်လိုက်သည်။ “အသိမ်းလည်း ခံရတယ်။ အသိမ်းခံရတဲ့သူက စားစရာ မရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာ မရှိဘူး။ အဲ့ဒီနှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်း စည်းကမ်းက ဘယ်ပျောက်သွားမလဲ။ ပြီးရင် အဲ့ဒီတရားရုံးက ထားစရာမရှိတဲ့ သူနဲ့ စားစရာမရှိတဲ့ လယ်သမားနဲ့ ဘယ်သူ့နောက် ပါသွားမလဲ။ ကျွန်တော်တို့က ကိုယ်ချင်းစာတရား ထားဖို့တော့ ကောင်းတယ်” ဟု […]

ရခိုင် အရေး လွှတ်တော် အတွင်းဆွေးနွေးစဉ် ဒီချုပ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ အပြန်အလှန် ကန့်ကွက်

By ဝဏ္ဏအောင် ရဲနိုင် နေပြည်တော် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များတွင် အကြမ်းသမားများကို စိစစ်ဖော်ထုတ်ရန် အစိုးရအား တိုက်တွန်းသောအဆိုကို အမျိုး သားလွှတ်တွင် ဆွေးနွေးစဉ် အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ်ကိုယ် စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ကြား အပြန်အ လှန် ကန့်ကွက်ပြောဆို မှုများဖြစ် ခဲ့သည်။ ရခိုင်အမျိုးသားပါတီကိုယ် စားလှယ်က တင်သွင်းထားသည့် ယင်းအဆိုကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ရခိုင်အရေးတွင် တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ် မြောက်မြားစွာ အသုံးပြုနေသော်လည်း အစွန်းရောက်အကြမ်းဖက်မှုများ ကို ကာကွယ် ရန် အားနည်းနေခြင်းအပေါ် ပြန်လည်သုံးသပ်သင့် ကြောင်း ဆွေးနွေးခဲ့သည်။ […]

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများကို တိုင်းရင်း သား ပြည်နယ် အလိုက် အသီးသီး ခွဲဝေ နေရာချထား ပေးရန် ဘူးသီးတောင် အမတ် အကြံပြု တိုက်တွန်း

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအား များလျော့နည်းသွားစေရန်၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား သည့် သူများအတွက် အတူယှဉ်တွဲ နေထိုင်ရေး သဟဇာတ ဖြစ်ရေးကို ရှေးရှပြီး လူသားချင်း စာနာကြသည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းရှိ ဘဂါင်္လီ များ ကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီး ခွဲဝေနေရာချ ထားပေးရန် အကြံပြုတိုက်တွန်းလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းရွှေက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ “ဒါမှသာ အချင်းချင်း ရိုင်းပင်းကူညီပြီး ကူညီတဲ့စိတ်ဓါတ် ဖြင့် ပြသ၁နာကို ၀ိုင်းဝန်းဖြေရှင်းရာ ရောက်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွက်ကြောင့် ရခိုင်အရေးသည်လည်း မြန်မာ တစ်ခု လုံးရဲ့ အရေးဖြစ်တယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ် […]

ရခိုင်​ပြည်​နယ်​ဆိုင်​ရာ ကူဖီအနန်​ ​အကြံ​ပေး ​ကော်​မရှင်​ ၏ အပြီးသတ် အစီရင်​ခံစာ သမတ ကို​ပေးအပ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ  အထွေထွေအတွင်း​ရေးမှူးချုပ်​​ဟောင်း မစ္စတာကိုဖီအာနန် နဲ့ အဖွဲ့ ဟာ ဒီကနေ့ မနက်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ နေ့ လည်ပိုင်းမှာတော့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့ နဲ့ တွေ့ ဆုံဖို့ ရှိသလို့ မနက် ဖန်မှာတော့ မစ္စတာကိုဖီအာနန်ဟာရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများ အတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြော သော အနာဂတ် ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ အား ကော်မရှင်ဥက္ကဌဖြစ်သူ ​ဒေါက်တာကိုဖီအာနန်က နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ပေးအပ်လိုက်ပြီဖြစ်​ပါတယ်​။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

MiG-35 တိုက်လေယာဉ်ပျံတွေ ဝယ်ယူရေး မြန်မာဆွေးနွေး

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပီရူး(Peru- ပေရူး) နိုင်ငံတွေက ရုရှားနိုင်ငံလုပ် MiG-35 တိုက်လေယာဉ်ပျံတွေကို ဝယ်ယူလိုတဲ့အတွက် ညှိနိုင်းနေတယ်လို့ သိရပါတယ်။ အဲဒီ ဘက်စုံသုံးတိုက်လေယာဉ်တွေဟာ MiG-29 တိုက်လေယာဉ်တွေကို မွမ်းမံတည်ဆောက်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ ဝေဟင်က ဝေဟင်နဲ့ ဝေဟင်က မြေပြင်ပစ် ဒုံးကျည် တွေတပ်ဆင်ထားပြီး အသံထက် ၂ ဆကျော်မြန်အောင် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ မစ်လေယာဉ်ပျံကုမ္ပဏီအကြီးအကဲ Ilya Tarasenko အီလီယာ တာရာဆင်ကိုး က လေယာဉ်တွေ အောင်မြင် စွာ ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ အဲဒီ MiG-35 တိုက်လေယာဉ်တွေကို လာမယ့် ၂ဝ၁၉ မှာစတင်ရောင်းချနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း မော်စကိုကလာတဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

မွတ်စလင်တွေကို ရခိုင်တွေ ပိတ်ဆို့ထား

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်စေတီပြင် ရွာ မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အဲဒီဒေသမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသားတွေက ရွာပြင်ထွက် ခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့ အင်္ဂါနေ့ မနေ့က ရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။  အဲဒီရွာသားတွေကို အစာရေစာ ရှာဖွေခွင့်နဲ့ ရွာပြင်ထွက် အလုပ်လုပ်ခွင့်မပေးတာ ၃ ပတ်ရှိသွားပြီဖြစ်ပြီး အစား အစာ တွေကိုတော့ အကန့်အသတ်နဲ့ ဝယ်ခွင့်ပြုတယ်လို့ ဆိုပါတယ်။  မြန်မာရဲတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး မျိုးသူစိုး က ရွာသားတွေဟာ ရွာပြင်ထွက်ရမှာကို ကြောက် လို့ အပြင်မထွက်တာပဲဖြစ်လိမ့်မယ်လို့ သူထင်မြင် ကြောင်း ပြောပါတယ်။ အဲဒီ စေတီပြင်ရွာမှာ လူ ၅ ထောင်ခန့်ရှိပြီး ရခိုင်လူမျိုး တွေကော ရိုဟင်ဂျာတွေပါ နေထိုင်ကြတဲ့အတွက် ဘုန်းတော် ကြီးကျောင်းတခုနဲ့ ဗလီတခုလည်း ရှိကြောင်း၊ […]

ခင်ပွန်းက ကွာရှင်း စကား သုံးခွန်းပြောရုံဖြင့် မယား ကို ကွဲကွာနိုင်သော အစ္စလာမ် ထုံးတမ်းအား အိန္ဒိယ ပိတ်ပင်

AFP  Tue, 08/22/2017 နယူးဒေလီ၊ သြဂုတ် ၂၂ ။             ။ အစ္စလာမ်ဓလေ့ထုံးတမ်းတစ်ရပ်အရ လင်ယောက်ကျား အမျိုးသားများသည် ဇနီးဖြစ်သူအား ချက်ချင်းလက်ငင်း ကွာရှင်းနိုင်ခွင့် ရနေသည့် အငြင်းပွားဖွယ် ထုံးတမ်းစဉ်လာတစ်ရပ်အား အိန္ဒိယတရားရုံးချုပ်က သြဂုတ် ၂၂ ရက်တွင် ပိတ်ပင်လိုက်ပြီဖြစ်ရာ များစွာသော မွတ်စလင်အမျိုးသမီးများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့် ထုံးတမ်းစဉ်လာ အဆုံးသတ်ခြင်းပင် ဖြစ်သည်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ကွာရှင်းပြီဟု သုံးခွန်း ပြောရုံဖြင့် မယားဖြစ်သူကို ကွဲကွာနိုင်သည့် ဓလေ့ ထုံးစံသည် အခြေခံဥပဒေနှင့်လည်း မကိုက်ညီသကဲ့သို့ အစ္စလာမ်အယူဝါဒလည်း မဟုတ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်စီရင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီရင်ချက် ချရန်အတွက် ၂၀၁၅ ခုနှစ်အတွင်းက ခင်ပွန်း၏ ကွာရှင်းစကား သုံးခွန်း ပြောကာဖြင့် ကွာရှင်းခံလိုက်ရသော […]