Archive | August 24, 2017

You are browsing the site archives by date.

ရခိုင်အစီရင်ခံစာ ဘက်မလိုက်ဟု ကိုဖီအာနန်ပြော

By ထက်နိုင်ဇော် 24 August 2017 မြန်မာအစိုးရသို့ ပေးအပ်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာသည် ၂ ဖက် အသိုင်းအဝိုင်းကြား အဆင်ပြေစေရန် အပြုသဘောဆောင်သည့် အကြံပြုချက်များကိုသာ ထည့်သွင်း ထားသဖြင့် ဘက်လိုက်မှု မရှိဟု ယုံကြည်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်က ပြောကြားသည်။ သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် လွှတ်တော် အဆောက်အအုံ ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သော အဖွဲ့နှင့် အာဏာရ ဒီချုပ်ပါတီမှ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦး တို့ တွေ့ ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စီးပွားရေး၊ […]

ဝန်ကြီးချုပ်ဟောင်း ယင့်လပ် အမှု မနက်ဖြန် စီရင်ချက် ချမည်

By ဧရာဝတီ 24 August 2017 ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်သည် စစ်အစိုးရက ၎င်းအပေါ် တရားစွဲဆိုထားသည့် ဆန်စပါး ဝယ်ယူ မှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှုများကို တားဆီးရန် ပျက်ကွက်သည်ဆိုသော စွပ်စွဲချက်ကို မနက်ဖြန် တွင် တရားရုံး၌ အပြစ်ရှိမရှိ စီရင်ချက် ချခြင်းခံရတော့မည်ဖြစ်သည်။ အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်နှင့် လျော်ကြေး ဘတ် ၃၅ ဘီလျံပေးဆောင် ရနိုင်သည်။ ထို့အတွက် သူမကို ထောက်ခံသူ ၃ထောင်ခန့်သည် တရားရုံးသို့ လာရောက်ကာ အားပေးကြမည်ဖြစ်ရာ အစိုးရ က အဓိကရုဏ်းနှိမ်နင်းရေး ရဲအင်အား ၄၀၀၀ခန့်နှင့်အတူ ယာဉ် ၂၀ခန့်ကို တရားအတွင်း ချထားမည်ဟု ကြေညာခဲ့သည်။ စီရင်ချက် ချမည့်နေ့ […]

အမှုပိတ်ခဲ့သည့် ဒေါ်ခင်ဝင်း သေဆုံးမှု ပြန်လည် စစ်ဆေးမည်

By သဇင်လှိုင် 24 August 2017 စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းတွင် သေနတ်ထိမှန် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း အမှုအား ကနဦး လက်ခံ ကြားနာခွင့်ကို သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးက ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ သိရသည်။ “လူတစ်ယောက်လုံးလည်း သေနတ်ဒဏ်ရာနဲ့ သေတယ်။ နောက်ပစ်တဲ့ နေရာလည်း သိတယ်။ သူက ဘာမှ ရန်သွား လုပ်တာ မဟုတ်ဘဲ ပစ်လို့ သေရတာဆိုတော့ ဒီကိစ္စကြီးက ထင်ထင်ရှားရှားဖြစ်နေတယ်။ လူလည်းသေတယ် သေနတ် ဒဏ်ရာလည်း ရတယ်။ ဒီအပေါ်မှာ သေမှုသေခင်း ဖွင့်ရုံနဲ့ မလုံလောက်ဘူး။ ပစ်တဲ့ နေရာသိနေပြီ။ ပစ်တဲ့သူ ဘယ်သူလဲ […]

အစိုးရဟောင်း၏ MOU စာချုပ်များကို ပြန်စစ်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

By ထွန်းထွန်း 24 August 2017 အစိုးရဟောင်းလက်ထက် သဘောတူစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များကို ပြန်လည်စိစစ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သြဂုတ် ၂၃ ရက်နေ့က မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် များနှင့် အွန်လိုင်းဗီဒီယိုခေါ်ဆိုကာ ဆွေးနွေးရာတွင် အထက်ပါအတိုင်း ညွှန်ကြား ခဲ့ခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ရာတွင်လည်း ပြဿနာများကို မြန်မြန်ဖြေရှင်းဆောင်ရွက် ကြရန်လည်း ညွှန်ကြားခဲ့သည်ဟုဆိုသည်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က “အဓိကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မြန်မြန်ဆောင်ရွက် ဖို့ပြော တယ်။ အရင်အစိုးရ လက်ထက် သဘောတူစာချုပ် […]

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရန် အဆို ပြည်သူ့ လွှတ်တော် တွင် ရှုံးနိမ့်

By ထက်နိုင်ဇော် 24 August 2017 ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အစီအမံများ တိုးမြှင့်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအဆိုကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်သွင်းခြင်းဖြစ်ပြီး ဒေသ တွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာ ထိပါး နှောက်ယှက်လာ၍ ပိုမို ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်းထားသည့် အဆို ဖြစ်သည်။ […]

ရိုဟင်ဂျာတွေအပေါ် ကန့်သတ်မှု ကိုဖီအာနန်အဖွဲ့ ရှုတ်ချ

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည် က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့် တားဆီး ပိတ်ပင် ထားသလိုဖြစ်နေပြီး နိုင်ငံတကာစံနှုန်းနဲ့မညီ ဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့က အကြုံပြုစာမှာ ထောက်ပြ ထားပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ်လ ၂၄ ရက် က နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်တွေ့ ဆုံခဲ့ပြီး အဖွဲ့ရဲ့ အဆုံးသတ် အကြံပြုစာကို ပေးအပ်ခဲ့ပါတယ် ။မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ သွင်ပြင်လက္ခဏာတွေ ဟာ နိုင်ငံ တကာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတဲ့ ခွဲခြားနှိမ့်ချ ဆက်ဆံမှု မပြုရ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့ သာမက မြန်မာနိုင်ငံက […]

ရိုဟင်ဂျာ အပေါ်ကန့်သတ်မှု ရခိုင် အကြံပေး ကော်မရှင် ကူဖီအနန် အဖွဲ့ ရှုတ်ချ

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ သွင်ပြင် လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ခွဲခြားနှိမ့်ချဆက်ဆံမှုမပြုရ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့ သာမက မြန်မာနိုင်ငံ က ပါဝင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာစာချုပ်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ စာမျက်နှာ ၁၁၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။ သတင်းအပြည့်အစုံ — http://bbc.in/2xePv1H #ဘီဘီစီမြန်မာပိုင်း