Archive | August 25, 2017

You are browsing the site archives by date.

မြန်မာနိုင်ငံသည် နိုင်ငံမဲ့ဦးရေ အများဆုံးခန့် ဖြစ်နေဟု ကိုဖီအာနန်ပြော

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက် ကိစ္စများနှင့် နိုင်ငံသားစီစစ်ရေးကိစ္စများကြောင့် မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဦးရေ အများဆုံးခန့်    ဖြစ်နေသည်ဟု ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ-

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက် နေမှု ကိစ္စရပ် များအပေါ် နိုင်ငံတော် အကြီး အကဲ များ ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် လျက်ရှိ

နေပြည်တော် သြဂုတ်လ ၂၅ သြဂုတ်လ (၂၅)ရက်နေ့  နံနက်ပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ လူကိုယ်တိုင် လာရောက်၍ ယနေ့နံနက်စောပိုင်းတွင် ရခိုင်ပြည် နယ်မြောက်ပိုင်း၌  အကြမ်းဖက် တိုက်ခိုက် မှုဖြစ်ပွားနေမှု အခြေအနေများကို တင်ပြခဲ့သည်။ နိုင်ငံတော်သမ္မတရုံးအနေဖြင့်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များထပ်မံ ဖြည့်တင်း ရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်း ဆောင်ရွက် ခဲ့သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း)သည်လည်း နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ် သတင်းပို့ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား နိုင်ငံတော်သမ္မတအိမ်တော်၌ ၁၄၀၀ နာရီ အချိန်တွင် လာရောက် တွေ့ဆုံကာ […]

မောင်​​တော တွင်​ လုံခြုံ​ရေး ​နောက်​ထပ်​ တိုးမြှင့်​မည်

မမေခ မောင်တောခရိုင်မှာ အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် မူတွေပိုမို လုပ်ဆောင်လာတဲ့ အတွက် ဥပဒေနဲ့အညီ ဒီထက်ပိုပြီး ထိထိရောက်ရောက် နှိမ်နင်း သွားမယ်လို့ ပြည်တဲရေးဝန်ကြီးဌာနက ပြောဆိုလိုက် ပါတယ်။ အပြစ်မဲ့အရပ်သားတွေကိုကာကွယ်နိုင်ဖို့ လုံခြုံရေးပိုင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြင့်မယ် လို့လည်း ပြောဆိုလိုက် ပါတယ်။ လက်ရှိ အစိုးရရဲ့ ရခိုင်အရေးဆောင်ရွက်နေမှုဟာ အားနည်းနေတယ်လို့ ဒီကနေု့ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် အချို့ပြောဆိုချက်တွေကို တန်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းဌာန က မေခ ကပေးပို့ လိုက်တာပါ။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရသေ့တောင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည် နယ် မြောက်ပိုင်း ဒေသကို ပိုမိုကောင်းမွန် တဲ့ အုပ်ချုပ် ရေး၊ လုံခြုံရေး အစီအမံများ ချမှတ် ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် […]

၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်

နေပြည်တော် သြဂုတ် ၂၅ ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင် ရန် အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာ ပုံစံများ ကို လာမည့် စက်တင်ဘာ ၁ ရက်မှစတင်ကာ တစ်စောင်လျှင် ၂ဝဝ ကျပ်$နှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း။ စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇ နှင့် ၈ ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် ၂၊ […]

ကျောက်ပန်းတူ ရဲစခန်း ကို အကြမ်းဖက် သမားများ မီးရှို့ ဖျက်ဆီး

  By ဒီဗွီဘီ 25 August 2017 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းတူရဲစခန်းကို ဒီကနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်က ဘင်္ဂါလီ အကြမ်းဖက်သမား၁၀၀၀ ၀န်းကျင်လောက်က လာရောက်မီးရှို့ခဲ့တယ်လို့ ကျောက်ပန်းတူအုပ်ချုပ်ရေးမှူး ဦးမောင်သန်းအောင် က ဒီဗွီဘီကို ပြောပါတယ်။ ဘဂါင်္လီအကြမ်းဖက်သမားတွေ ကျောက်ပန်းတူ ရဲစခန်းအနီး ကားလမ်းမှာ ဗုံးထောင်ထားခဲ့တာကြောင့် ဗုံးပေါက်ကွဲလို့ ရဲတပ်သားအင်အား ၉ ဦးဒဏ်ရာရရှိသွားပါတယ်။ အဲဒီအနီးအနားက ကျေးရွာတွေကို ဘဂါင်္လီတွေ ထောင်ချီဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျောက်ပန်းတူကျေးရွာ သားတွေ ရွာလုံးကျွတ်ထွက်ပြေးလာရတယ်လို့ ကျောက်ပန်းတူ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “ကျောက်ပန်းတူရွာကြီးဆိုတာရှိတယ်။ အဲဒီရွာကြီးကို  နတလ စခန်းတာဝန်ရှိသူတွေ သွားခေါ်ဖို့လုပ်တာ။ အဲဒီကြားမှာ တံတားရှိတယ်။ အဲဒီတံတားကို ကျော်တာနဲ့ မိုင်းထိတယ်။ ဒဏ်ရာက ၉ ဦးရတယ်။ […]

ရခိုင်ပြည်နယ် တွင် နေထိုင်ကြသော ပြည်သူ လူထု များ အတွက် ငြိမ်းချမ်း မျှတ၍ သာယာဝ ပြောသော အနာဂတ် ပေါ်ထွန်း လာနိုင်ရေး ကို ဦးတည် လျက်

အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့် FinalReport_Myan_LowRes ရန်ကုန်မြို့ – ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ် တဝန်း၊ မြန်မာနိုင်ငံရှိ တခြားသော နေရာများနှင့် ဒေသတွင်းတွင် တွေ့ဆုံဆွေးနွေးပွဲများကို တစ်နှစ်တာ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ၊ ၂၃ ရက်တွင် မြန်မာနိုင်ငံ အစိုးရထံသို့ တင်သွင်းလိုက်ပြီ ဖြစ်ပါသည်။ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ကာကွယ်တားဆီးရေး၊ ငြိမ်းချမ်းမှု ရှိရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဆင်းရဲဒုက္ခ ကြုံနေရသော လူထုအတွက် မျှော်လင့်ချက် ရောင်ခြည်ပေးနိုင်ရန် ချက်ခြင်းနှင့် ရေရှည် ဆောင်ရွက်နိုင်မည့် အကြံပြုချက်များ ပေးထားပါသည်။ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် […]

ရခိုင်အကြံပေး Kufi Annan ကော်မရှင် ၏ အပြီးသတ် အစီရင်ခံ (မြန်မာလို) ဖတ်ရန် လင့်

အစီရင်အပြည့်အစုံ မြန်မာလိုဖတ်ရန် နှင့် ဒေါင်လုပ်ရန် လင့် FinalReport_Myan_LowRes ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် အကြံပြုချက်များကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ အစီရင်ခံစာတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူ အညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများ အကြား ပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့  အစည်း များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှု စသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင် အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်ပါသည်။ သတင်း ထုတ်ပြန်ချက် ကို အောက်ပါလင့်မှ တဆင့် ရယူနိုင်ပါသည်။ http://www.rakhinecommission.org/mm/the-final-report/ အကြံပြုချက်များတွင် မြန်မာအစိုးရအနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်နိုင်သည့် […]