Leave a comment

Mufti Ali ရဲ့ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲ မိန့် ခွန်းမှ ကောက်နုတ်ချက်

 

 

မနေ့ က ကျနော်ပြောခဲ့တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲ မိန့် ခွန်းမှ ကောက်နုတ်ချက် –

လူကြီးမင်းများခင်ဗျား….

ဒီကနေ့ ကမ္ဘာအလည်မှာ ခေတ်မီဖွံ့ ဖြိုး ချမ်းသာကြွယ်ဝ လူနေမှုအဆင့်မြင့်တဲ့ နိုင်ငံတွေရဲ့ သမိုင်းကို လေ့လာကြည့်မယ်ဆိုရင် လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသား အချင်းချင်းချစ်ခင်စွာနဲ့ နိုင်ငံအတွက် ဟန်ချက်ညီညီ အလုပ်လုပ်ကြတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးခေတ်မီဖွံ့ ဖြိုးတိုးတက်တဲ့ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ဘောင်တန်းပြီး ဂုဏ်ရှိန်မြင့် တဲ့နိုင်ငံဖြစ်လိုတယ် ဆိုရင် လူမျိုးဘာသာခွဲခြား ဆက်ဆံခြင်း၊လူမျိုးတစုနဲ့တစု ဘာသာတစ်ခုနဲ့တစ်ခု အာဃာတ ထားခြင်း၊ ခိုက်ရန်ဖြစ်ခြင်းတို့ကိုစွန့်လွှတ်ပြီး နိုင်ငံသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့ ဟန်ချက်ညီညီ နိုင်ငံတော်အတွက် ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်ဖို့အတွက်လိုအပ်နေပါတယ်။

အဲဒီအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်​ မိန့်မှာလမ်းညွန်တဲ့အတိုင်း တရားဥပဒေစိုးမိုးမှုရှိဖို့အတွက်လဲ လိုအပ်သလို တရားဥပ​ဒေကို လေးစားလိုက်နာမှုရှိဖို့အတွက်လဲလိုအပ်ပါတယ်။ တရားဥပ​ဒေ စိုးမိုးမှုရှိမယ် တရားဥပဒေလေးစားလိုက်နာမှုရှိမယ်ဆိုရင် ဒေသတွင်း ငြိမ်းချမ်းပြီး စီးပွား​ရေးလည်း ဖွံ့ဖြိုးတိုးတက် လာမှာဖြစ် ပါတယ်။

ထို့အတူ နိုင်ငံသားကောင်း ပီသရန် နှင့် ငြိမ်းချမ်းတဲ့ ဘဝပိုင်ဆိုင်ရန်အတွက် ဓမ္မအဆုံးအမ ဘာသာတရားအဆုံး အမတွေဟာ မရှိမဖြစ်လိုအပ်ချက်တွေပါ။

ဒါ့ကြောင့် လွတ်လပ်စွာကိုးကွယ်ခွင့် လွတ်လပ်စွာပညာသင်ကြားခွင့် ၊ လွတ်လပ်စွာဘာသာရေးဆောင်ရွက်ခွင့် စသည့်လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးဖို့အတွက် အလွန်တရာမှ လိုအပ်ပါတယ်။ဒါမှ လိမ္မာ ရေးခြား ရှိတဲ့ ငြိမ်းချမ်းရေးကို တန်ဖိုထားပြီး နိုင်ငံ့သားကောင်း ရတနာတွေ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: