Leave a comment

ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒိုနှင့် တွေ့ဆုံ

image

ဒါနန်း(ဗီယက်နမ်) နိုဝင်ဘာ ၁ဝ

အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက် ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒို နှင့် ယနေ့ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲတွင် ဗီယက်နမ် နိုင်ငံဒါနန်းမြို့ရှိ ဒါနန်း Furama Resort၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ရခိုင်ဒေသပြသနာများဖြေရှင်းရေး နှင့်ပတ်သက်ပြီး သဘောထား အမြင်များ ဖလှယ်ကြပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ရခိုင်ဒေသပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေး၊ ရခိုင်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထား ရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကနေဒါနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ခရစ်စတီးယား ဖရီးလန်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဘော့ရေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒို တို့သည်   ၂ဝ၁၇ခုနှစ် ဇွန် ၈ ရက်တွင် ကနေဒါနိုင်ငံ အော်တာဝါမြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာ – ကနေဒါနှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ယခုထပ်မံတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည် ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: