Leave a comment

က​နေဒါ ၀န်​ကြီးချုပ်​က ​ဒေါ်​​အောင်​ဆန်းစုကြည်​ကို ဘာ​တွေ​ပြော့

image

ကနေဒါဝန်ကြီးချုပ်​ ထရူးဒေါကအစိုးရက ဦးဆောင်တဲ့ အကြမ်းဖက်မှုတွေ အပေါ် တွေ့ရှိထားတဲ့ သက်သေအချို့ ကို ဒေါ်အောင်ဆန်းစုကြည်ကို ချပြခဲ့သည်​။

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်တစ်ကြိမ်တွေ့ရတာ ကျွန်တော် ၀မ်းမြောက်မိ ပါတယ်— ဒုက္ခသည် အရေးကိစ္စအပါအ၀င် ဆွေးနွေးစရာ အကြောင်းအရာတွေ တစ်ပုံတစ်ပင်ကြီးကို ပြောကြားဖို့ နဲ့ နေရပ်ပြန်ရမဲ့ လူတော်တော်များများအရေးနဲ့ ပတ်သတ် ပြီး စိုးရိမ်ပူပန်နေကြတဲ့ အပေါ်မှာ အဲဒီအခြေနေတွေကို ကနေဒါနိုင်ငံက ဘယ်လိုကူညီပေးနိုင်မလဲ၊ ဆိုတာတွေကို ပြောကြားဖို့ အခွင့်ရေးတစ်ရပ်ရရှိမှာ ဖြစ်ပါတယ်။”  လို့ စစချင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် နဲ့ လက်ဆွဲနှုတ်ဆက်အပြီးမှာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒေါက အစည်းဝေးမတင်ခင် သတင်း ဏထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရူးဒေါက ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်အရေးနဲ့ ပတ်သတ်ပြီး အားမနာစတမ်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ တာ ဖြစ်ကြောင်း အစည်းဝေးအပီးမှာ သတင်းရင်းမြစ်များ က ဆိုပါတယ်။

၂၀၁၇ အောက်တိုဘာလမှာ ခန့်အပ်ခံရပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့တဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဘော့ ရေးက ယင်းတွေ့ဆုံပွဲကို ကနေဒါ ၀န်ကြီးချုပ်နဲ့အတူတက်ရောက် ခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး “ထရူးဒေါက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို မညှာစတမ်း ဒဲ့ဒိုးအိုး ပေါက် ပြောခဲ့တာ ဖြစ်ကြောင်း” တွေ့ဆုံပွဲအပီးမှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အစည်းဝေးပွဲအတွင်း သဘော တူညီချက်တွေ တစ်ယောက်နဲ့ တစ်ယောက် ရုတ်တရက် မရရှိခဲ့ဖူးလို့လည်း သူက ဆိုပါတယ်။ 

ကနေဒါ ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒေါက ဒေါ်အောင်ဆန်းစု ကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲကို စီစဉ်ခဲ့တာဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှာ အစိုးရက ဦးဆောင် တဲ့ အကြမ်းဖက်မှုတွေအပေါ် သူတွေ့ရှိထားတဲ့ သက်သေ အချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချပြခဲ့တယ်လို့ ဘော့ရေးကဆိုပါတယ်။ အစည်းဝေးပွဲဟာ ၄၅ မိနစ်ကြာ !မြင့်ခဲ့ပြီး ဗုဒ္ဓဘာသာ ကြီးစိုးတဲ့ တိုင်းပြည်မှာ ရိုဟင်ဂျာ မွတ်စလင်တွေ အစုလိုက် အပြုံလိုက် ဆက်လက် အသတ်ခံနေရတာနဲ့ ပတ်သတ်ပြီး အဓိကထား ဆွေးနွေးဖို့ ပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါ ၀န်ကြီးချုပ်က ရိုဟင်ဂျာမွတ်စလင်တွေ အသတ်ခံနေရတာတွေကို ရပ်တံ့ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယခုထက် ပိုမို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်ပါတယ်။ အကြမ်းဖက်မှုကို ကြည့်ပြီး သူ တှုန်လှုပ်ခြောက်ခြား သွားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘော့ရေးက-

ကျွန်တော့် အမြင်ရဆိုရင်၊ကနေဒါဝန်ကြီးချုပ်ကနေ အားမနာတမ်း ပွင့်ပွင့်လင်းပြောလိုက်တာကို သူမကြားလိုက်ရဖို့က အ လွန့်အလွန်ကို အရေးကြီးပါတယ်။ သူမအမြင်ကို ပြန်ပြောတာကလည်း၊သူမဟာ အခက်ခဲကြားထဲကနေ တတ်နိုင် သလောက် လုပ်ပေးနေကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူမ ဒီထက်ပိုပြီးလုပ်ဖို့ လိုနေတယ်။ သူမ ဒီထက် လည်း ပိုလုပ်နိုင်တယ် ဆိုတာ ခံစားရတယ်လို့ ပြောရင် မျှမျှတတ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါတွေဟာ ကနေဒါ နိုင်ငံကို ဆင်ခြေပေးနေတဲ့ ပြိုင်ဘက်ကင်းတဲ့ သဘောထားတွေ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို မေးနေတာ ကျွန်တော်တို့ ကနေဒါ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ”

“ကျွန်ုပ်တို့ ညှိုနိုင်းဖြေရှင်းရမဲ့ ဆွေးနွေးစရာကိစ္စတွေ တစ်သီတစ်တန်းကြီး ရှိနေပါတယ်။ ဒါဟာ လူသားဆိုင်ရာ ကပ်ဘေး ဒုက္ခကြီး ဖြစ်နေယုံသာမက၊ နိုင်ငံရေး ကပ်ဆိုဒ်နေတာပါ။ ဒါဟာ အဓိက ပြဿနာကြီးတစ်ခုဆိုတာ ထင်ထင်ရှားရှားပါပဲ။”


ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ သမိုင်းတွေ ရှိခဲ့တာကြောင့် ကြောက်ရွံမှုတွေ ရှိနေတယ်။ ဒါတွေကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း- ဒေါ်အောင်ဆန်းစုကြည်က နောက်ပိုင်းမှာ ၀န်ခံခဲ့တယ်လို့ ရေးက ပြောပါတယ်။

“ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အဓိက မေးခွန်းက ဒေါ်အောင်ဆန်းစုရဲ့ အပြောကို မဟုတ်ပါဘူး။
သူမ ဘာလုပ်သလဲ ဆိုတာပဲ ကြည့်ပါတယ်။ အဲဒါတွေ ဖြစ်လာအောင် ဆောင်ရွက်ရမဲ့ အခြေခံအဆင့်ဆင့်တွေကို အကောင်ထည်ဖော်ဆောင်ရွက် သလားဆိုတာ သေခြာအောင် အဲဒီနေရာမှာ ကျွန်ုပ်တို့ ဆက်လက်ပီး ဖိအားပေးနေရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော် ထင်ပါတယ်။ ”

ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး ခရစ္စတီးယား ဖရီးလန်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲထားတဲ့ အရာကို အဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီထက်မကပိုပြီး အများကြီး ကြိုးပမ်းဖို့ ဝေဖန်သူတွေက တောင်း ဆိုထားပါတယ်။

(မှတ်ချက်။ ဘာသာပြန်ဖော်ပြချက်သည် ထိုပြောဆိုချက်များအား မြန်မာနိုင်ငံသူနိုင်ငံသားများ အတိအကျသိရှိစေရန် ဖော်ပြပေးခြင်းသာဖြစ်ပြီး  ဘာသာပြန်သူ၏ အာဘော်နှင့်သဘောထားမဟုတ်ကြောင်း)

Credit:
https://beta.theglobeandmail.com/canada/canada-will-push-hard-for-solutions-in-myanmar/videoee70e519-2054-4998-aff0-a98725587d10/

http://aa.com.tr/en/americas/trudeau-suu-kyi-hold-face-to-face-on-rohingya-crisis/962267

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: