Leave a comment

မွတ်စလင်တွေ သုတ်သင် ရှင်းလင်းခံနေရတဲ့ အပေါ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်မည်ဟု ပြော

image

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ နေရတာနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်မယ် လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။

လိင်အကြမ်းဖက်ခံခဲ့ရသူတွေအတွက် အထူးဝန်ဆောင်မှု တွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀ သန်း ၀န်းကျင် လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည် စခန်းတွေ ကို သုံးရက်ကြာ သွားရောက်ကြည့်ရှုခဲ့အပြီး ဒါကာမြို့မှာ ပြောကြားလိုက်တာပါ။ နယူးယောက်ကို ပြန်ရောက်တာနဲ့ ဒီကိစ္စ ICC ဥက္ကဌ ကို တင်ပြမယ်လို့ လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လိင်အကြမ်းဖက်မှုကို လူမျိုးတုံး ရှင်းလင်းရေးအတွက် လက်နက်သဖွယ် အစီအစဉ်ရှိရှိ သုံးစွဲနေကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် ကောက်စ်ဘဇားက ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ အကျဉ်းချုပ်တင်ပြမှာဖြစ်ပြီး၊ လာမယ့်နှစ် မတ်လမှာ တင်သွင်းမယ့် နှစ်လည်အစီရင်စာမှာလည်း မြန်မာနိုင်ငံ အကြောင်း ထည့်သွင်းတင်ပြမယ်လို့လည်း ပြောပါတယ်။

Photo: UNHCR

(ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို တွေ့ရစဉ်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: