Leave a comment

ရိုဟင်ဂျာတွေ အရေး နက်နက် ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း ကုလအကြီးအကဲ ပြော

image

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဆင်းရဲဒုက္ခနဲ့ လူသားချင်းစာနာရေး ပြဿနာကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်စေနိုင် တဲ့အပြင်၊ အစွန်းရောက်အခြေအနေတွေ ပေါ်ပေါက် လာစေနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ ဆွေးနွေး ပွဲပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အတွင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးခဲ့ ကြရတဲ့၊ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက် ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိတာကို မျိုသိပ်မထားနိုင် ပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့မှာထားပြီး ပြောကြားခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လ က ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး လူမျိုးစု ရှင်းလင်းမှု ဖြစ်နေပုံရကြောင်း ကုလသမဂ္ဂမှာ ပြောခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာစစ်တပ်ကို ထိန်းချုပ် တားဆီးနိုင်တဲ့အာဏာမရှိပေမယ့် စစ်တပ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေတာတွေကို ခုခံကာကွယ်ပေးနေရတာကြောင့်၊ သူ့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သူရဲကောင်းဆိုတဲ့ ပုံရိပ်ထိခိုက်ခံနေရ တယ်လို့လည်း AP သတင်းက ဖော်ပြပါတယ်။

Photo: António Guterres Twitter

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: