Leave a comment

ကုလနဲ့ လွတ်လပ်တဲ့ အဖွဲ့တွေ ဝင်ခွင့်ပေးဖို့ အီးယူ တောင်းဆို

image

ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး – ဖေ့စ်ဘွတ် ( မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿာန်မှာ အမည်မသိရုပ်အလောင်းတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တူးဖော်ခဲ့စဉ် )

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ မွတ်စလင် ၁၀ ယောက်ကို မြန်မာ့တပ်မတော်က တရား ဥပဒေအရမစီရင်ဘဲ လက်လွတ်စပယ်သတ်လိုက် တာကို ပထမဆုံးဝန်ခံပြောဆိုလိုက်တယ်လို့ EU  ဥရောပ သမဂ္ဂက ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ဒီလိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လုပ်ရပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်အားလုံးကို စုံစမ်းစစ်ဆေးဖို့ အရေးတကြီး လိုအပ်နေတာကို ပြသရာရောက်တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကျူးလွန်တဲ့အတွက် တာဝန်ယူဖို့၊ တာဝန်ခံဖို့ လဲ လုပ်ရမယ်လို့ ပြောပါတယ်။ အဲဒီလို လူ့အခွင့်အရေး အဆက်မပြတ် ချိုးဖေါက်နေတာတွေ ရပ်တန်းက ရပ် ရမယ် လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကုသမဂ္ဂလူ့အခွင့်အရေး ကောင်စီက တာဝန်ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထပ်မံ တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တခြားလွတ်လပ်တဲ့ လေ့လာရေးအဖွဲ့တွေ၊ သတင်း ထောက် တွေကိုလည်း အစိုးရကိုယ်တိုင်က လုံခြုံရေး အတွက်အာမခံပြီး အဲဒီဒေသမှာ သွားလာခွင့်ပြုရမယ်၊ ဒီအတွက် မနှောင့်နှေးစေရဘူးလို့လည်း EU က တောင်း ဆိုလိုက်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: