Leave a comment

ဆရာတော် ဦးဝီရသူကို ခြေစုံ ဦးခိုက် မတောင်းပန် နိုင်ကြောင်း ကိုဆွေဝင်း ပြော

image

မန္တလေး၊ ဖေဖော်ဝါရီ ၁၃
အေမီကျော်

ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံ့သိက္ခာအား နိုင်ငံတကာ အလည်မှ ကျဆင်းစေခဲ့သည့်အပြု အမူကြောင့် ကိုဆွေဝင်း မှ ဆရာတော် ဦးဝီရသူအား မတောင်းပန် နိုင်ကြောင်း ပြောကြားသည်။

”ကျွန်တော့်အနေနဲ့ကတော့ ဆရာတော်ဦးဝီရသူကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာမရှိပါဘူး။ အခုလို မတောင်းပန် တာကလည်း ခေါင်းမာမှု၊ တယူသန်မှု၊ ဒီသဘောသဘာဝမရှိပါ ဘူး။ ဘာကြောင့် မတောင်းပန် နိုင်တာလဲဆိုတော့ ဒီမှားနေတဲ့ကိစ္စတစ်ခုကို ကျွန်တော်တို့ ကနေပြီးတော့ မှားနေ ကြောင်းပြော ခဲ့ပါတယ်။ ဒီ မှားနေတာ ကိုမှန်တယ်လို့ကျွန်တော်တို့က ပြန်ပြီး ပြင်မပြောနိုင်ပါဘူး”ဟု ဖေဖော်ဝါရီ ၁၃ရက်နေ့က ၁၈ကြိမ်မြောက်ရုံးချိန်း အပြီး နေ့လယ် ၂နာရီ မန္တလေး မီဒီယာစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း  ကိုဆွေဝင်းက မီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

”အားလုံးသိတဲ့အတိုင်းပဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလား နေကြတယ်၊ ဒါကြောင့် အဲဒီအခြေ အနေမှာ အခြေခံ ဥပဒေကို ပြင်ဆင် လိုတဲ့လူတွေ သတိထား ကြဆိုတဲ့ ရာဇဝတ်မှုနဲ့ ခြိမ်းခြောက်သလိုတွေ လုပ်ဆောင် နေတယ်။ အခုချိန်ထိ လည်းပဲ ထမင်းဝ အောင်စားထား ဆိုတဲ့ ရဟန်းတစ်ပါးရဲ့ သိက္ခာကျင့် ဝတ်နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို ဆက်လက်ပြီးတော့ ပြုလုပ်နေတာပါ” ဟု ကိုဆွေဝင်းက ဆက်လက် ပြော ကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ရက်နေ့က ၁၈ကြိမ်မြောက်ရုံးချိန်း အပြီးတွင် တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေက ကိုဆွေဝင်းမှ ဆရာတော်ဦးဝီရသူအား ခြေစုံဦးခိုက် တောင်းပန်လျှင် အမှုကျေ အေးပေးမည်ဟု ပြောကြား ခဲ့သည်။
၎င်းအနေဖြင့် ဆရာတော် ဦးဝီရသူမှ မဟုတ်ဘဲ မည်သူကိုဖြစ်စေ  မှားနေသည့်အကြောင်းများကို မှားကြောင်း၊ စိတ်မကောင်းကြောင်း တောင်းပန်ရန် ဝန်လေးခြင်း မရှိ ကြောင်း၊ ယခုကိစ္စတွင် ဦးဝီရသူ အနေဖြင့် ရဟန်းသိက္ခာနှင့် မညီ ညွတ်သော အပြုအမူများကို လုပ် ဆောင်၍ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်အနှောင့်အယှက်ပေး နေသောကြောင့် ယခုလိုသတင်းများ ရေးသားရခြင်းဟု မြန်မာနောင်း အယ်ဒီတာ ကိုဆွေဝင်းက ဆက်လက် ပြောသည်။

အမှုရင်ဆိုင်ရခြင်းမှာ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ် သက်၍ ပြစ်မှုကျူးလွန်သူများကို ဆရာတော်ဦးဝီရသူမှ ကျေးဇူးတင် ကြောင်းနှင့် ရှေ့နေဦးကိုနီအား ခွေးရူးဟု ခိုင်းနှိုင်း၍သေဆုံးသူ မိ သားစုဝင်များ မျက်ရည်မခြောက် သေးချိန်တွင် ရိုင်းရိုင်းပျပျရေးခဲ့သည့် ကို ဆရာတော် ဦးစန္တိတမှ လူဝတ် လဲစေသင့်သည့် တတိယ ပါရာဇိက ကံမြောက်သည်ဟု ပြောဆိုချက်အား Myanmar Now သတင်းစာတွင် ဖော်ပြပါရှိခဲ့သည်။
အဆိုပါသတင်းအား အယ်ဒီ တာကိုဆွေဝင်းမှ အင်တာနက် Facebook လူမှုကွန်ရက်တွင် Share ခဲ့ရာမှ မန္တလေး မဘသအဖွဲ့ဝင် ကို ကျော်မျိုးရွှေက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: